ဗိုလ်တကာ့ဘုရင် လူစီယာနို
စိန်ဝင်းအောင်
10000 က်ပ္
လပ်ကီး လူစီယာနို။ ဘဝတလျှောက်လုံးမှာ ဒုစရိုက်လုပ်ငန်းတွေနဲ့ နှစ်မြုပ်နေခဲ့ပြီး အသက်ထက်ဝက်ကျော်မှာ အမေရိကန်ပြည်ထောင်စု ဒုစရိုက်လုပ်ငန်း အဖွဲ့ကြီးရဲ့ ခေါင်းဆောင်ကြီးအဖြစ် စီမံအုပ်ချုပ
်ခဲ့တဲ့ လပ်ကီး လူစီယာနိုရဲ့ ဘဝမှတ်တမ်း။ အီတလီပြည်ကို နယ်နှင်ခံရပြီး နောက်ပိုင်းမှာလည်း အီတလီပြည်မှာ နေရင်း ဆယ့်ငါးနှစ်လုံးလုံး ဒုစရိုက်လုပ်ငန်းတွေကို အုပ်ချုပ်ခဲ့တဲ့ လူစီယာနို။ သူ့ဘဝတလျှောက်မှာ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးခွင့် တောင်းဆိုကြတဲ့ ရုပ်ရှင်သမား များစွာ ရှိခဲ့ပေမဲ့ လက်မခံခဲ့တဲ့ လူစီယာနို။ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ ထိပ်သီးခေါင်းဆောင်တစ်ယောက်ရဲ့ ဘဝလမ်း၊ ဘဝအစ၊ ဇာတ်လမ်းအစ၊ ဘယ်လိုစခဲ့သလဲ။ ဘယ်လို ရုန်းကန်ခဲ့သလဲ။ ဘယ်လို အောင်မြင်မှုရပြီး ဘယ်လို ကြီးပွားချမ်းသာခဲ့သလဲ … လူစီယာနို ကိုယ်တိုင် ပြောပြခဲ့တဲ့ သူ့ဘဝမှတ်တမ်း၊ သူ့ဇာတ်လမ်းကို သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ မာတင်ဂိုရှ့်က မှတ်တမ်းတင် ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတစ်ပုဒ်လုံးမှာ ဒေါသနဲ့ ပြောတဲ့အခန်းတွေ၊ ဆဲရေးတိုင်းထွာခြင်းတွေ ပါရှိပေမဲ့ ဒီလို ပါရှိမှုကပဲ လူစီယာနိုရဲ့ ဘဝနဲ့ ပိုမိုနီးစပ်တာကြောင့် သူပြောပြတဲ့အတိုင်း၊ သူဖြစ်ပျက်ခဲ့တဲ့ အတိုင်း၊ မူရင်းစာရေးသူက ပြန်လည်ရေးသားခဲ့တဲ့ ဝတ္ထုကြီး။ စိတ်ဝင်စားစရာ လူတစ်ယောက်အကြောင်း … ဖတ်ရှုကြည့်ကြပါဦး စာချစ်သူများ ခင်ဗျ။
စိန်ဝင်းအောင် စာအုပ္မ်ား
chevron_right
Privacy Policy