နှင်းလူစာပေကနေ (၂၀၁၉) ဇွန်လမှာ ထုတ်ဝေလိုက်တဲ့ ကဗျာဆရာ နေမိုးအိမ်ရဲ့ မရွေ့ကြေး ကဗျာစာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
‘ဘဝကို ကိုင်လှုပ်လိုက်ရင် ကဗျာဆိုတဲ့ အသံပဲ ထွက်ချင်တာ။ အဲဒီ ကိုက်ခဲလ
ွန်းတဲ့ စိတ်ကြောင့်ပဲ အိပ်မက်တွေ ပွန်းပဲ့နိုင်လွန်းတဲ့ ကဗျာတွေဆီ အရောက်လာခဲ့တာပဲ။ အရောက်သွားခဲ့တာပဲ။ အရောက်လာနေဦးမှာပဲ။ အရောက်သွားနေဦးမှာပဲ’
‘တရားရှိသူကို တရားက (မလွဲမသွေ) စောင့်ရှောက်သလို ကဗျာရှိသူကို ကဗျာက (မလွဲမသွေ) စောင့်ရှောက်မည်ဟု ယုံကြည်မိပါသည်’
ဆိုတဲ့ ကဗျာဆရာ နေမိုးအိမ်ရဲ့ ဒီစာအုပ်ထဲမှာ ကဗျာအပုဒ် (၆၀) ပါဝင်ပါတယ်။
‘သိပ်အားငယ်တာပဲကွယ်
ရင်အပိုင်းပိုင်း ကျိုးတာတောင်
အသံမထွက်ရဲတဲ့
ရှင်သန်မှုပဲ
ခဏလေးပါကွာ ဆိုပြီး
လှည့်ထွက်သွားတဲ့ မင်းကျောပြင်လေးလည်း
ပြန်ကွေ့မလာတော့
မင်းကိုယ်စား
ပန်းလေးတွေကိုပဲ
အဖော်ပြုနေရတယ်
သြော်
အစင်းကြောင်းများနဲ့
ဘဝရယ်’
နေမိုးအိမ် (စောင့်နေသူကြီး …. ကဗျာမှ)
ခေတ်ပေါ် မော်ဒန်လမ်းကြောင်းက အရေးအသားတွေနဲ့ ကဗျာဆရာ နေမိုးအိမ်ရဲ့ ကဗျာတွေကို ဖတ်ရှုခံစားကြည့်ကြပါဦး။