ထိရောက်သောခေါင်းဆောင်မှုသဘောတရားများ
စိုင်းနော်ဂျာ(မြန်မာ့မဟာဗျူဟာ)
6000 က်ပ္
စိုင်းနော်ဂျာ (မြန်မာ့မဟာဗျူဟာ) ရေးသားပြုစုတဲ့ ထိရောက်သော ခေါင်းဆောင်မှု သဘောတရားများ (ခေါင်းဆောင်မှု ဆိုင်ရာ နည်းနာများ) ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခေါင်းဆောင်မှု ဆိုတဲ့ စကာ�
��လုံးဟာ လူတိုင်းရဲ့ ဘဝဖြတ်သန်းမှုမှာ ကြားဖူးနား၀ ဖြစ်နေကျ စကားတစ်ခွန်း ဖြစ်ပေမယ့် ဒီစကားရဲ့ နောက်ကွယ်က အရည်အချင်း၊ တန်ဖိုး၊ ပေးဆပ်မှု၊ အနစ်နာခံမှု၊ စတဲ့ ဝိသေသလက္ခဏာရပ်တွေ များစွာ ရှိနေပါတယ်။ ခေါင်းဆောင်လို့ ဆိုလိုက်တာနဲ့ လူအများဟာ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ စသူတွေကို ဦးစွာ ပြေးမြင်တတ်ကြပါတယ်။ ခေါင်းဆောင်ဆိုတာ ဘာလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘာများ ထူးခြားနေတာလဲ၊ သူ့မှာ မွေးရာပါ ခေါင်းဆောင်ဖြစ်မယ့် လက္ခဏာရပ်တွေ ပါဝင်နေတာလား၊ စသဖြင့် အမျိုးမျိုး တွေးကောင်း တွေးနိုင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားကတော့ ခေါင်းဆောင်မှု စံသတ်မှတ်ချက် (၆)ချက်၊ သို့မဟုတ် နာယကဂုဏ် (၆)ပါး ရှိတယ်လို့ ဟောကြားခဲ့ပါတယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု …. ကြီးသူ့ကျင့်ရာ တရားတည်း … တဲ့။ ဒီစာအုပ်မှာတော့ ခေါင်းဆောင်မှု သဘောတရားတွေနဲ့ ပတ်သက်လို့ ကျယ်ပြန့်စွာ ရှင်းလင်းထားတာကို ဖတ်ရှုကြရမှာပါ။ ဒါ့အပြင် ခေါင်းဆောင်တစ်ဦးမှာ ရှိသင့်ရှိထိုက် ရှိအပ်တဲ့ သဘောတရား၊ သဘာဝ၊ နည်းနာ လက္ခဏာတွေကိုလည်း အကျယ်တဝင့် ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။