ဖုန်းဆိုးမြေပေါ်ကလူသွေးစက်များ
လူသွေး၊ဖုန်းဆိုး
2000 က်ပ္
နှင်းဆီဖြူ စာပေကနေ အသစ်ထွက်ရှိလာတဲ့ ကဗျာစာအုပ် အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို ရေးသားခဲ့တဲ့ ကဗျာဆရာက တစ်ယောက်တည်း။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကလောင်ခွဲ ရေးသားခဲ့ရတဲ့ �
�ဗျာတွေကိုပါ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ကဗျာဆရာ လူသွေးရဲ့ နှစ်သုံးဆယ်အတွင်း ရေးဖြစ်ခဲ့တဲ့ ကဗျာတွေကို စုစည်းထားတဲ့ ဒီစာအုပ်အမည်က … ဖုန်းဆိုးမြေပေါ်က လူသွေးစက်များ။
‘မြို့မဂီတဟာ ခေတ်ကာလတွေကို ဖြတ်သန်းရင်း လူထုရဲ့ အနုသုခုမ မှတ်ဉာဏ်ထဲမှာ ရှင်သန်နေခဲ့တာ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးကို အနုပညာသမားတိုင်း မမျှော်လင့်နိုင်ပါဘူး။ အနုပညာတစ်ခုက ခေတ်ကာလတိုင်းမှာ ရှင်သန်အောင်မြင်ဖို့ မလွယ်ကူဘူးဆိုပေမယ့် အနုပညာသည်ကတော့ ခေတ်ကာလတိုင်းကို ရှင်သန်ဖြတ်သန်းနိုင်တာမျိုးက ပိုပြီး ဖြစ်နိုင်ခြေ များမယ် ထင်ပါတယ်။ နောင် ဆက်လက်ထွက်ပေါ်လာမယ့် လူသွေးရဲ့ ကဗျာတွေဟာ ပြောင်းလဲနေတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ အဲသည် အခြေအနေတွေနဲ့အတူ ပြောင်းလဲနေတဲ့ အနုပညာပုံသဏ္ဌာန်တွေနဲ့ အပြိုင် ဖူးပွင့်လှပနေမယ်လို့ ကျနော်တော့ မျှော်လင့်ကြည့်ချင်ပါသေးတယ်’ လို့ အမှာစာမှာ ဆရာကျော်ဇောခိုင်က ရေးသားထားပါတယ်။ ဖတ်ကြည့်ကြပါဦး။