လုပ်ဇာတ်များ
ရှိန်ဝါ
3000 က်ပ္
ကဗျာဆရာ ရှိန်ဝါရဲ့ လုပ်ဇာတ်များ ဆိုတဲ့ အရေးအသားတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ရှိန်ဝါရဲ့ အရေးအသားတွေက ကဗျာပုံစံ စကားပြေတွေလို့ ဆိုနိုင်သလို စကားပြေကဗ�
�ာတွေလို့လည်း ပြောလို့ ရနိုင်ပါတယ်။ ဒီအရေးအသားတွေဟာ အိုင်ဒီယာ မဂ္ဂဇင်းမှာ လစဉ် ဖော်ပြခဲ့ပြီးသား စာမူတွေဖြစ်ပြီး ပြန်လည်စုစည်း ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ‘ခေတ်ကာလရဲ့ သိက္ခာပုဒ်တွေကို ဝိနယုဒ္ဒေသလုပ်ထားတဲ့ စိတ်အသံကို ကြားလိုက်ရတယ်လို့ ခံစားမိပါကြောင်း …’ လို့ ဒီစာအုပ်နဲ့ ပတ်သက်လို့ အယ်ဒီတာ ထွန်းဇော်ဌေးက မှတ်ချက်ပြုထားသလို … ‘ရှိန်ဝါ၏ အရေးအသားများပေါ့။ မန္တလေးမှာ ထိုးမုန့် ဝယ်ဖူးတယ်မို့လား။ နမူနာ အတုံးလေးတွေကို ပန်းကန်ထဲ ထည့်ပြီး ခက်ရင်းတပ်ပေးထားတာလေ။ အဲဒါ စားမိရင် ဝယ်ချင်သွားရော၊ အရသာက ကောင်းတာကိုးဗျ။ တစ်တုံးစားပြီးရင် နောက်တစ်တုံး ဆက်စားချင်တဲ့ ထိုးမုန့်တုံးလေးတွေပေါ့။ ကဗျာရေးတဲ့ ရှိန်ဝါက ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရေးအသားတချို့ကို ရေးလာတယ်။ စောင့်ဖတ်ရတယ်။ ဖတ်တော့ ငြိပြန်တယ်’ လို့ ကဗျာဆရာ ဆူးရစ်နွယ်က အမှာစာ ရေးသားထားပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး။
ရှိန်ဝါ စာအုပ္မ်ား
chevron_right
Privacy Policy