လူငယ် ဆရာဝန် စာရေးဆရာ ခွန်းညိုသွေးရဲ့ ပထမဆုံး ထွက်ရှိခဲ့တဲ့ စာအုပ်လေးကို ဖတ်ပြီးကြပြီလား စာချစ်သူတို့ရေ။ စာအုပ်အမည်က ပန်ဖလက်တဲ့။ ဒီစာအုပ်ထဲမှာ ခွန်းညိုသွေးရဲ့ လက်ရာ ကဗျာနဲ့ စကားပြေတွေ�
��ို တဝကြီး ဖတ်ရှုခံစားကြရမှာပါ။
'ကျွန်တော် ရေးထားတဲ့ စာစုလေးတွေကို ပြန်ကြည့်လိုက်တော့ မရင့်မကျက် ဖရိုဖရဲ စာစုလေးတွေ ပါတယ်။ စေ့စေ့သိပ်သိပ် စကားလုံးလေးတွေလည်း ပါတယ်။ ကဗျာတွေ ကဗျာဆန်တဲ့ အက်ဆေးတွေ၊ အက်ဆေးဆန်တဲ့ ဝတ္ထုတိုလေးတွေ စသဖြင့် ဟိုတစ်စု သည်တစ်စုနဲ့ ပန်ဖလက်လေး တစ်ခုလိုမျိုး စိတ်ကူးထဲ မြင်ယောင်လာမိတာမို့ ဒီစာအုပ်ကို ပန်ဖလက်လို့ နာမည်ပေးဖြစ်ပါတယ်' လို့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာရေးသူက အမှာစာ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီစာအုပ်အတွက် ဆရာမြင့်ဦးဦးမြင့်နဲ့ စောနန္ဒာစင်တို့က အမှာစာတွေ ရေးသားပေးထားကြပါတယ်။
'ပန်ဖလက်'
ကိုယ့်ဝေဒနာတွေပေါ့
မင်း ပေါ့ပေါ့ပါးပါးပဲ ဖတ်စေချင်တဲ့
စေတနာတွေနဲ့ ...။
ကဲ ... ခွန်းညိုသွေးရဲ့ ပရိသတ်တွေအတွက် ခွန်းညိုသွေးရဲ့ လက်ရာ၊ ကဗျာ၊ အက်ဆေးတွေကို အားပါးတရ ဖတ်ရှုဖို့အတွက် ပန်ဖလက် စာအုပ်လေးကို လက်တို့ ညွှန်းဆိုလိုက်ပါတယ် ခင်ဗျ။