အရာရာတိုင်းဟာ မင်းထင်သလိုမဟုတ်ဘူး
မင်းထက်နေနိုင်
3000 က်ပ္
စာရေးသူ မင်းထက်နေနိုင်ရဲ့ ဒဿန စုစည်းမှု စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာ ဒဿန အပုဒ်ပေါင်း ၇၃ ပုဒ် ပါဝင်ပါတယ်။ ဒီ ဒဿနပေါင်း ၇၃ ပုဒ်ကို ရေးသားဖို့အတွက် စာရေးသူဟာ အချိန် (၅) နှစ် ယူခဲ့ရတယ်လို့ ဆိုထာ�
�ပါတယ်။ ဒါ့အပြင် ဒီ ၇၃ ပုဒ်မှာ ပါဝင်တဲ့ ဒဿနတွေကို ရရှိဖို့အတွက်တော့ တစ်ဘဝလုံး အချိန်ယူခဲ့ရသလို၊ တချို့ ဒဿနတွေအတွက် တစ်ဘဝလုံး ရင်းခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဒဿနတချို့ကို မြည်းကြည့်ကြပါဦး။ ‘ကိုယ်နဲ့ ထိုက်တန်တဲ့ အရာသာ ကိုယ့်ဆီကို ရောက်လာမှာ ဖြစ်တယ်။ အဲဒီလို တွေးပြီးတည်းက လူ့ဘဝမှာ နေရထိုင်ရ ပိုအဆင်ပြေလာတယ်’ ‘တချို့လူတွေနဲ့ မတွေ့ခဲ့ကြရင် ကောင်းမှာဆိုတဲ့ အသိကိုရဖို့ တချို့လူတွေနဲ့ တွေ့ခဲ့ရတယ်။ တချို့သော သူတွေကို ချစ်ခဲ့ရတယ်’ ‘မင်းကတော့ ထင်မှာပေါ့။ ငါဟာ သည်းခံခွင့်လွှတ်တတ်သူလို့။ တကယ်က ပြန်လုပ်လို့ ရမယ့် အချိန်ကို မရောက်သေးလို့ပါ’ (မင်းထက်နေနိုင်) ကဲ … ဒဿနတွေကို ကြိုက်သူတွေအတွက် ဒီစာအုပ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။
မင်းထက်နေနိုင် စာအုပ္မ်ား
chevron_right
Privacy Policy