PCB Designရေးဆွဲနည်း၊Circuitတည်ဆောက်စမ်းသပ်ခြင်းနှင့်အိမ်တွင်းPCBထုတ်လုပ်နည်းများ
ကိုသားငယ်
8000 က်ပ္
စာရေးဆရာ - ကိုသားငယ်
စာမျက်နှာ - ၂၆၈+DVD
မိတ်ဆွေတွေအနေနဲ့
#Printed Circuit Board ဆိုတဲ့နေရာမှာ အခက်အခဲမရှိ၊ အခြားတစ်ယောက်အကူအညီမလိုပဲ #စိတ်သွားတိုင်း ကိုယ်ပါဖို့ ...
>အီလက်ထရောနစ်ကို လေ့လာ၊ လုပ်ကိုင်နေသူ
များအဖို့ Project ဖြစ်စေ၊ Product ဖြစ်စေ လုပ်ဆောင်ရင် နောက်ဆုံးမဖြစ်မနေလိုအပ်တာက အဲ့ဒီ Project၊ Product ကို လက်တွေ့တပ်ဆင်စမ်းသပ်ရမှာဖြစ်ပါတယ်။ Project Board ရှိသော်လည်းပဲ အတည်ပြုဖို့ရာက PCB Board ပေါ်မှာ တပ်ဆင်စမ်းသပ် အောင်မြင်မှသာ အတည်ပြုနိုင်မှာ။ ဒါကြောင့် ကုန်းကြမ်းပစ္စည်းဖြစ်စေ၊ နည်းပညာဖြစ်စေ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီး မှာ Project တစ်ခုကို PCB Design သပ်သပ်ရပ်ရပ်လေးနဲ့ ဖြစ်စေဖို့ PCB Design ရေးဆွဲတတ်ဖို့လည်း အရေးကြီးပါတယ်….။
>PCB Design တော့ရေးဆွဲတတ်ပြီ။ PCB ထုတ်လုပ်တတ်မှ လက်တွေ့အကောင်အထည်ဖေါ်နိုင်မှာပါ။ PCB ထုတ်တဲ့အခါမှာလည်း ကိုယ့်မှာ Instrument တွေမစုံလင်ဘူး.. ဘယ်လိုနည်းနဲ့ လုပ်မလဲ…? Instrument တွေသုံးမယ်… ပြည်တွင်းဈေးကွက်က ဝယ်လို့ရမယ့် ပစ္စည်းတွေသုံးပြီး ပြီးပြည့်စုံတဲ့ PCB တစ်ချပ်ထုတ်မယ်… ဘယ်လိုလုပ်မလဲ…?
ကိုယ်တိုင်လေ့လာဖို့ (၁)ရက်ကြာမယ်ဆိုရင် ဒီစာအုပ်မှာဖေါ်ပြထားတဲ့အတိုင်း ဆောင်ရွက် ကြည့်ပါ… အချိန်တိုအတွင်း အဆင်ပြေစေရပါမယ်....
ကျွန်တော်ကိုယ်တိုင် အားလုံးကို စာတွေ့မဟုတ်ဘဲ လက်တွေ့ ဆောင်ရွက်ပြီးမှ ရတဲ့နည်း လမ်း တွေနဲ့ ရေးသားဖေါ်ပြထား ပါတယ်….
>စတင်လေ့လာသူ Beginner တွေဖြစ်စေ၊ Reverse Engineering ဆောင်ရွက်နေသူများဖြစ်စေ၊ ကိုယ်ပိုင် Design ကို ဆောင်ရွက်နေသူများဖြစ်စေ… Circuit ပတ်လမ်းတစ်ခု စဉ်းစားမိပြီဆိုတာနဲ့ လက်တွေ့ချက်ခြင်း Run ကြည့်စေနိုင်ဖို့ Computer ထဲမှာ လွယ်ကူစွာ ဆောင်ရွက်ကြည့်စေဖို့အတွက် Simulation Software ကို အသုံးပြုနည် တိုင်းတာနည်းတွေကိုလည်း အခြေခံကျကျရေးသားဖေါ်ပြထားပါတယ်…
စာအုပ်မှာပါဝင်မယ့် အကြောင်းအရာတွေကိုလည်း ဖေါ်ပြထားပါတယ်…
လူကြီးမင်းအတွက် ဝါသနာအရဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ အီလက်ထရောနစ်နယ်ပယ်ထဲမှာ PCB ရေးဆွဲနိုင်ရင်၊ PCB ထုတ်လုပ်နိုင်ရင် ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်တယ်ဆိုတာ လက်တွေ့ခံစား သိရှိလာစေရပါ့မယ်…
လူကြီးမင်းအနေနဲ့ Software ကိုကိုယ်တိုင်ရေး၊ Hardware ကို ကိုယ်တိုင်ဆောက်၊ PCB Design ကိုယ်တိုင် ဆွဲ၊ PCB ကိုယ်တိုင်ထုတ်ပြီး ပြီးပြည့်စုံတဲ့ အတတ်ပညာရှင်တစ်ယောက်အဖြစ် အီလက်ထရောနစ်နယ်ပယ်မှာ မျက်နှာမငယ်ရစေဖို့ ကျွန်တော့်ရဲ့စာအုပ်လေးက လက်တွေ့နည်းလမ်းလေးတွေ ဖေါ်ပြထားပါတယ်…
ကုန်ကြမ်း၊ ကုန်ချော၊ Software စတာတွေ တန်ဖိုးနည်းနည်းနဲ့ ပြည်တွင်းမှာ အကုန်ဝယ်လို့ရပြီး အားလုံးဟာ မခက်ခဲတဲ့နည်းစနစ်တွေဖြစ်ပါတယ်…
PCB ပညာရပ်အတွက်တစ်နေရာတည်း လေ့လာနိုင်စေဖို့ရည်ရွယ်လျက်…..