ကျွန်မဖတ်ဖို့(၇)
နိုင်းနိုင်းစနေ
2000 က်ပ္
စာရေးသူ - နိုင်းနိုင်းစနေ စာမျက်နှာ - ၁၇၄ ဆရာမနိုင်းနိုင်းစနေရဲ့ ကျွန်မဖတ်ဖို့ စာအုပ်တွဲတွေ ထွက်ရှိလာခဲ့တာ အခုဆိုရင် အမှတ်(၇)အထိ ရောက်ရှိလာပါပြီ။ ဒီ ကျွန်မဖတ်ဖို့ စာအုပ်တွေဟာ စာဖတ်သူတ�
�ေ အလွယ်တကူ နားလည်သဘောပေါက်ပြီး လေ့လာ မှတ်သားစရာ ကောင်းအောင် ရေးသားတင်ပြထားတဲ့အတွက် ဖတ်ပြီးရင်လည်း ဗဟုသုတရစေမယ့် အကြောင်းအရာတွေ များစွာ ပါရှိပါတယ်။ အဆိုအမိန့်တွေ၊ ပုံပြင်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ စိတ်ဓာတ်ခွန်အားတွေရဲ့ အကြောင်းကို စုစည်းပြီး ဘာသာပြန် တင်ပြထားတဲ့ စာစုတွေ ဖြစ်ပါတယ်။ ယခု အမှတ် (၇) စာအုပ်မှာတော့ အိမ်ထောင်ရေးမှာ တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိပြီး ငွေကြေးရှာဖွေ စုဆောင်းစဉ်မှာလည်း ပျော်ရွှင်မှု၊ လေးစားမှု၊ ယဉ်ကျေးမှုတို့က အဓိကဖြစ်ဖို့၊ သစ္စာရှိပြီး ခိုင်မြဲတဲ့ သူငယ်ချင်းရဲ့ သံယောဇဉ်ကို လက်မလွှတ်ဖို့၊ စိတ်နေသဘောထားအကြောင်း စတဲ့ အကြောင်းအရာ မျိုးစုံကို ရေးသားဖော်ပြထားပါတယ်။ 'ကျွန်မဖတ်ဖို့ စာစုတွေမှာ ကြီးကျယ်ခမ်းနားမှုတွေ ဂန္ထဝင်စံတင်လောက်တာတွေ မပါပါဘူး။ ဖတ်ပြီး ရင်ထဲ တိုးဝင်နိုင်တဲ့ ခံစားချက်တွေ၊ နေ့စဉ်ဘ၀ ထိတွေ့မှုတွေလောက်ပဲ ပါပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ဖတ်ပါ။ နက်နက်ရှိုင်းရှိုင်း ခံစားပါ။ ပြီးရင် မေ့ပစ်မယ်ဆိုလည်း မေ့ပစ်လိုက်နိုင်ပါတယ်။ ပြီးမှ နောက်တစ်ကြိမ် သတိရတဲ့အခါ ပြန်ကောက်ဖတ်ကြည့်ပေါ့' လို့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာရေးသူက အမှာစာ ရေးသားထားပါတယ်။
နိုင်းနိုင်းစနေ စာအုပ္မ်ား
chevron_right
Privacy Policy