စာရေးသူ - သန့်ဇော် (သန်လျင်)
စာမျက်နှာ - ၁၈၇
စာရေးသူ သန့်ဇော်(သန်လျင်) ရေးသားထားတဲ့ ဆောင်းပါးတွေကို စုစည်းဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်းနဲ့ ပတ်သက်လိ�
��့ စာရေးသူ တွေ့ခဲ့ မြင်ခဲ့ သိခဲ့ ကြားခဲ့ လေ့လာခဲ့ ဆွေးနွေးခဲ့ရသလောက်တွေကို အခြေခံပြီး တိုင်းပြည်တိုးတက်ရေးနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ရှေ့ရှုရေးသားထားတယ်လို့ စာရေးသူက ဆိုထားပါတယ်။ နိုင်ငံရှိ အနာဂတ်ပြည်သူတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတာမို့ ဧရာဝတီနဲ့ မြစ်ဆုံ စီမံကိန်းဟာ ပြည်သူနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒါကြောင့် စာရေးသူဟာ ဒီစာအုပ်ကို ဒီလှိုင်းစာစောင်၊ ယူနတီဂျာနယ်၊ မဇ္ဈိမဝက်ဘ်ဆိုက်တို့မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ ဒီစာအုပ်ကို တန်ဆာဆင် ရေးသားထားပါတယ်။ ဒီစာအုပ်ထဲမှာ အခန်းကြီး (၄)ခန်းနဲ့ ဖွဲ့စည်းထားပြီး တစ်ခန်းချင်းစီအလိုက် ခေါင်းစဉ်ငယ်တွေနဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ မြစ်ဆုံကို စိတ်ပါဝင်စားသူတိုင်း ဖတ်ရှုသင့်တဲ့ နိုင်ငံရေးဆောင်းပါးစု စာအုပ်ဖြစ်ပါတယ် စာချစ်သူများ ခင်ဗျ။