မိန်းမတို့အကြောင်း
မြသန်းတင့်
6000 က်ပ္
စာမျက်နှာ = ၃၆၀ Simone Debeauvour ရဲ့ The Second Sex ဆိုတဲ့ ဆောင်းပါးပေါင်းစု စာအုပ်ကို ဆရာမြသန်းတင့် မြန်မာဘာသာ ပြန်ဆိုပြီး လရိပ်မွန် စာပေတိုက်ကနေ (၂၀၁၉)၊ မေလမှာ ပဉ္စမအကြိမ် ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ ဒီဗူးဗ
ွား ရေးသားခဲ့တဲ့ ယခု ဒုတိယအမျိုးအစား ဆိုတဲ့ မိန်းမတို့အကြောင်း စာအုပ်ထဲက ဆောင်းပါးတွေဟာ သာမန်မိန်းမစိတ်ကျမ်းတစ်စောင် ဖြစ်မယ်အထင်နဲ့ ဆရာမြသန်းတင့်က သိပ်ပြီး စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ ဖတ်ကြည့်ရင်းနဲ့ ဒီဗူးဗွားရဲ့ အရေးအသားက ဆရာမြသန်းတင့်ကို ဆွဲခေါ်သွားတာကြောင့် ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ကြောင်း အမှာစာမှာ ဖော်ပြထားပါတယ်။ မိန်းမတွေရဲ့ အတွင်းစိတ်ကို ရေးသားရာမှာ ဒီစာအုပ်လောက် အတွင်းကျတဲ့ စာမျိုး တစ်ခါမှ မဖတ်ဖူးကြောင်း၊ ဒီစာတွေထဲမှာ မိန်းမတွေရဲ့ လျှို့ဝှက်ချက်မှန်သမျှကို ဖွင့်ဟထားကြောင်း၊ ဆရာမြသန်းတင့်က ဆိုထားပါတယ်။ ဒီဆောင်းပါးတွေမှာ အိမ်က အစ်ကို မောင်တွေရဲ့ အနိုင်ခံရတဲ့ မိန်းကလေးတွေ၊ စိတ်ကူးတိမ်တိုက်တွေကို စီးပြီး အိပ်မက်တိုင်းပြည်သို့ သွားနေတဲ့ အပျိုဖော်ဝင်စ၊ လောကအကြောင်းကို အနည်းနဲ့အများ နားလည်စ ပြုလာတဲ့ အပျိုစင်၊ အချစ်နဲ့ ရွှန်းလဲ့ဝင်းပနေတဲ့ ချစ်သူ၊ လွတ်လွတ်လပ်လပ်နေချင်တဲ့ မိန်းမ၊ ယောကျ်ားလျာ၊ ပြည့်တန်ဆာ၊ အိမ်ထောင်ရှင်၊ မြေးတို့ရဲ့ အဘွား စတဲ့ မွေးစကနေ သေတဲ့အထိ၊ နုနယ်ပျိုမျစ်အရွယ်ကနေ ဆံဖြူသွားကြွေအရွယ်အထိ မိန်းမတွေရဲ့ စိတ်အခြေအနေ အမျိုးမျိုးကို ဖော်ပြထားပါတယ်။ မြားနတ်မောင် မဂ္ဂဇင်းမှာ လစဉ်ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ မိန်းမတွေအကြောင်းဆိုတော့ စိတ်ဝင်စားကြမယ် ထင်ပါရဲ့။ လေ့လာဖတ်ရှုကြည့်ကြပါဦး။
မြသန်းတင့် စာအုပ္မ်ား
chevron_right
Privacy Policy