မိတဆိုး
မိုးမင်းသိမ်း
3500 က်ပ္
စာရေးသူ - မိုးမင်းသိမ်း ကမ္ဘာတစ်လွှား နာမည်ကြီး HBO ရုပ်သံစီးရီးတစ်ခု ဖြစ်တဲ့ GOT ထဲမှာ တီရီယွန် ဆိုတဲ့ ဂျပုလေးက ပြောဖူးတယ် ။ ကိုယ့်ကို မွေးဖွားခဲ့ရလို့ မိခင် သေဆုံးသွားခဲ့ရင် မိမိ ဖခင်နဲ့တ�
�ွ ကိုယ့်ထက်ကြီးတဲ့ မောင်နှမတွေက အဲဒီ ကလေးဟာ ဂြိုဟ်ကောင်ပဲ လို့ သတ်မှတ်ကြတယ်တဲ့ ။ ဘာကြောင့် အဲလို အယူအစွဲတွေ ကြီးကြတာလဲ ၊ မွေးလာတဲ့ ကလေးကရော တကယ်ပဲ အပြစ်ရှိသလား ။ စဉ်းစားစရာကောင်းတဲ့ မိသားစုတွင်း ပြဿနာတစ်ခုပါပဲ ။ တျန်ကျင်းမြို့က လူလတ်တန်းစား မိသားစုတစ်ခု က ငါးယောက်မြောက်သမီး အဖြစ် မွေးဖွားလာတဲ့ အက်ဒီလင်းယန် ရဲ့ အဖြစ်ကလည်း အဲလို ထပ်တူထပ်မျှ ပဲ ။ ဒီစာအုပ် မိတဆိုး ဟာ တရုတ် စာရေးဆရာမ အက်ဒီလင်း ယန်မား ရဲ့ ကိုယ်တိုင်ရေး ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ လျစ်လျူရှု ခံရပြီး မိဘရဲ့ ချစ်ခင်မြတ်နိုးခြင်း မခံကြရတဲ့ ကမ္ဘာအနှံ့က ကလေးငယ်များအတွက် သီးသန့် အမှာစကားပါးချင်လို့ ဒီစာအုပ်ကို ရေးသားရခြင်း ဖြစ်တယ်လို့ စာရေးဆရာမက ဆို ထားပါတယ် ။ အက်ဒီလင်းယန် ကို မွေးပြီး မကြာခင် မေမေ ဆုံးပါးသွားလို့ အစ်မကြီးနဲ့ အစ်ကိုသုံးယောက်က သူ့ကို အပြစ်ဖို့ကြပြီး လုံးဝ ခွင့်မလွှတ်ကြဘူးတဲ့ ။ မွေးကတည်းက မေတ္တာ မရခဲ့တဲ့ ဘဝမျိုးမှာ အက်ဒီလင်းယန် ရှင်သန်လာရတယ် ။ သူ့ကို နားလည်မှု ပေးပြီး စောင့်ရှောက်ခဲ့သူကတော့ သူ့မေမေနဲ့ ရှန်ဟိုင်းက ဘဏ်တိုက်တစ်ခုမှာ အတူတူ လုပ်ခဲ့ဖူးတဲ့သူ ၊ သူ့ဖေဖေရဲ့ အစ်မကြီးလည်း ဖြစ်သူ ၊ မိသားစု အပေါ် အနွံအတာ ခံပြီး အရှက်အကြောက် ကြီးတဲ့ အပျိုကြိး ။ အက်ဒီလင်းယန် က ကြီးကြီး ပါပါ လို့ ခေါ်ခံရတဲ့သူ ပေါ့ ။ မိထွေးဖြစ်သူရဲ့ နှိမ်ချ ဆက်ဆံမှု ၊ အစ်မကြီးနဲ့ အစ်ကိုသုံးယောက်ရဲ့ အနိုင်ကျင့်မှုတွေကို သည်းခံပြီး ကျောင်းစာဘက်မှာ တော်အောင် သူ ကြိုးစားခဲ့တယ် ။ အတော်ဝေးလှတဲ့ ကျောင်းကို ဆယ့်နှစ်ရာသီ ခြေလျင်သွားပြီး ကျောင်းတက်ခဲ့ရတယ် ။ နေပူပူ ၊ မိုးရွာရွာ ၊ မုန်တိုင်းကျကျ ကျောင်းကို ခြေလျင်ပဲ သူ သွားခဲ့တယ် ။ သူဟာ ကျောင်းတက်ရတာကို ပျော်ရွှင်နေတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မိသားစု အိမ်ဟာ ငရဲဘုံ ဖြစ်နေပြီး ကျောင်းကတော့ သူ့အတွက် သုခဘုံပမာ ဖြစ်နေလို့ပါပဲ ။ သနားစရာကောင်းတဲ့ အက်ဒီလင်းယန် ရဲ့ ငယ်ဘဝပေါ့ ။ . ကလေးအရွယ် ကတည်းက ဖိနှိပ်ချုပ်ချယ်မှုတွေ ၊ အနိုင်ကျင့်မှုတွေကို ကြိတ်မှိတ် သည်ခံခဲ့ပြီး အကောင်းဘက် ရောက်အောင် ကြိုးစားခဲ့လို့ အက်ဒီလင်းယန် ဟာ ရှာမှရှားတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေး တစ်ယောက်လို့ ဆိုရမှာပဲ ။ သူ့လိုမျိုး အဖိနှိပ်ခံရတဲ့ ကလေးတွေကို ဘဝအပေါ် အဆိုးမမြင်စေဘဲ အကောင်းဘက်ကို ရောက်စေချင်တဲ့ စေတနာနဲ့ သူ့ရဲ့ လျို့ဝှက်တဲ့ ငယ်ဘဝကို အရင်းအတိုင်း ရေးသားပြခြင်းလည်း ဖြစ်ပါတယ်တဲ့ ။ မတရား ဖိနှိပ်ညှဉ်းပန်း သူတွေနဲ့ ကြုံတွေ့ နေရပေမဲ့ မိမိဟာ အဖိုးထိုက်တန်သူ ဖြစ်ပြီး တစ်မူ ထူးခြားသူ ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားစေချင်ပါတယ် လို့လည်း စာရေးဆရာမက အားပေးထားပါတယ် ။ "အပြုသဘောဆောင်သည့် အိပ်မက်တစ်ခုက အဖျက်သဘော ဆောင်သည့် ပကတိအခြေအနေ ထောင်ပေါင်းများစွာတို့ထက် ပို၍ အရေးပါ အရာရောက်သည် " လို့ အက်ဒ်ဒီလင်း ယန်မား က အားပေးစကား ပြောကြားလိုက်ပါတယ် ။ တရုတ်ပြည်နောက်ခံ ဝတ္ထုတွေဆို ယဉ်ကျေးမှုတော်လှန်ရေးခေတ် နောက်ခံတွေ ၊ ကွန်မြူနစ်ပါတီ နောက်ခံဇာတ်လမ်းတွေနဲ့ ဖတ်ရတာ များပါတယ် ။ ဒီ မိတဆိုး စာအုပ်ကတော့ သာမန်ပြည်သူ ကလေးတစ်ယောက် မိသားစု ဖိနှိပ်မှုအတွင်း ဖြတ်ကျော်မှု တစ်မူထူးခြားစွာ ဖတ်ရှုရမှာ ဖြစ်ပါတယ် ။ ဘာသာပြန် ဆရာ မိုးမင်းသိန်း ရဲ့ ချောမွေ့တဲ့ ဘာသာပြန်လက်ရာ နဲ့အတူ မိတဆိုး ဝတ္ထု ကို ခံစားကြည့်ကြပါစို့ ။
မိုးမင်းသိမ်း စာအုပ္မ်ား
chevron_right
Privacy Policy