သီချင်းလူပုံပြင်လူငြိမ်းချမ်းရေး
ဒေါက်တာအောင်ကြီး
2500 က်ပ္
စာရေးသူ - ဒေါက်တာအောင်ကြီး
စာမျက်နှာ - ၁၄၁
ဒေါက်တာအောင်ကြီးရဲ့ သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ ဆိုတဲ့ စာအုပ်လေးကို လင်းလွန်းခင်စာအုပ်တိုက်ကနေ ဒုတိယအကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေလိုက်ပါ�
��ယ်။ ဒီစာအုပ်ကလေးကိုတော့ စာရေးသူဒေါက်တာအောင်ကြီးက မွေးရပ်မြေ ကသာမြို့သို့ … လို့ ရည်ညွှန်းခံစားပြီး ရေးသားထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပိတောက်ပွင့်သစ်၊ ရွက်နုဝေနဲ့ အထက်မြန်မာ သတင်းဂျာနယ်တို့မှာ ရေးသားခဲ့တဲ့ အက်ဆေး (၁၇)ပုဒ်ကို ဖတ်ရှုရမှာပါ။ စာအုပ်ခေါင်းစဉ်အတိုင်း သီချင်းတွေအကြောင်း၊ ပုံပြင်တွေအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်းကို အခြေပြုတဲ့ အက်ဆေးတွေကို အားပါးတရ ဖတ်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒိုရာ၊ မေရှင်၊ တိမ်ချည်ကြိုး၊ ဝတ်လဲတော်ရွှေပုဆိုး၊ ကဗျာဆရာရဲ့ရယ်သံ၊ စာမေးပွဲ ခဲကတ်ခြင်း၊ စာသင်သား၏ ရင့်ကျက်ခြင်း၊ စာစစ်သူ၏ ဖြောင့်မတ်ခြင်း၊ သူတို့ သီချင်းဆိုလွန်းသည်၊ သွေးတိုင်းခြင်းပုံပြင်၊ ထိုင်စရာ၊ အဆိပ်သင့်ခြင်း၊ မရယ်တတ်တဲ့ ဆရာဝန်၊ လူနာစောင့် ပုံပြင်၊ ဗိုက်နာခြင်းပုံပြင်၊ ခြေထောက်လှလှတစ်ချောင်းနှင့် သားအဖပုံပြင်၊ မန္တလေးသားဆိုတာ ….၊ တိုင်းရင်းဆေးပညာသို့ မေတ္တာစာ၊ ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ၊ ကသာတမ်းချင်း၊ မိန်းမမြတ် ခြေဖဝါးအောက်က မြက်ခင်း၊ စက်ရုံပုံပြင် … စတဲ့ အက်ဆေးတွေ ပါဝင်ပါတယ်။