ရွှေအမြုတေ လက်ရွေးစင်ဝတ္ထုရှည်စုစည်းမှု(၉)
ဝင်းငြိမ်း
3500 က်ပ္
စာရေးသူ - ကလောင်စုံ
စာမျက်နှာ - ၂၆၂
ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်း စီစဉ်တဲ့ ရွှေအမြုတေ လက်ရွေးစင် ဝတ္ထုရှည်စုစည်းမှု အမှတ်(၉) စာအုပ်ကို လင်းလွန်းခင် စာအုပ်တိုက်ကနေ ထ�
��တ်ဝေလိုက်ပါပြီ။ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဝတ္ထုရှည်တွေထဲကမှ လက်ရွေးစင် ဝတ္ထုရှည်တွေကို ပြန်လည်စုစည်းထုတ်ဝေထားတာ ဖြစ်ပါတယ်။ ယခု အမှတ်(၉) စာအုပ်မှာတော့ လှမိုးသစ် (ကျောက်ဆည်)၊ အောင်ဖြိုးကျော်(ပခုက္ကူ)၊ သတိုး၊ နီနီနိုင်(သထုံ)၊ မင်းတင်ထွဏ်း၊ မနှင်းဖွေး၊ ယဉ်ယဉ်နု(မန္တလေး)၊ ဝေ(စီးပွားရေးတက္ကသိုလ်)၊ မာန်(တောင်လုံးပြန်)၊ သွင်ဆန်းမောင်၊ မင်းဝေဟင်၊ စံပယ်ဖြူနုတို့ရဲ့ မဂ္ဂဇင်းဝတ္ထုရှည် လက်ရာတွေကို ဖတ်ရှုကြရမှာပါ။ ရသဝတ္ထုရှည် ကြိုက်နှစ်သက်သူတွေအတွက်ကတော့ အရသာရှိရှိ ခံစားမှုအဖုံဖုံနဲ့ စာရေးဆရာ များစွာရဲ့ လက်ရာစုံ ရသအမျိုးစုံကို တစ်အုပ်ထဲအတွင်း သက်ပြင်းတချချ ရင်တမမ တသသတငြိငြိ ခံစားမိကြရမှာ သေချာပါတယ်။ ကဲ … ညွှန်းတာက ညွှန်းပြီးပြီ ဆိုတော့ ဖတ်ဖို့ကတော့ စာချစ်သူတို့တာဝန်ပါပဲနော်။