စစ်သူကြီးမဟာဗန္ဓုလ၏ ဓားရှည်
A ဇွန်မို
3500 က်ပ္
စာရေးသူ - A ဇွန်မို (မြန်မာပြန်)
စာမျက်နှာ -၃၂၀
ရုရှားစာရေးဆရာ အီဂေါ ဗဆဲဗာလာဒါဗိချ် မာယေးကာရဲ့ ပထမဆုံး ရသဝတ္ထုဖြစ်တဲ့ ဒီစာအုပ်ကို ၁၉၆၆ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး နှစ်ပေါင်းများစွာကြာ
အောင် ပြန်လည်ထုတ်ဝေခြင်း မပြုခဲ့ဘဲ ၂၀၀၃ ခုနှစ်မှာမှ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ မြန်မာ့ရာဇဝင်နဲ့ သမိုင်းနောက်ခံဖြစ်သလို မြန်မာ့သမိုင်းမှာ ကျော်ကြားခဲ့တဲ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလရဲ့ ဓားရှည်အကြောင်း၊ စွန့်စားခန်း ဝတ္ထုရှည်ကြီးကို ရင်တမမ ဖတ်ရှုကြရမှာပါ။ ဒါပေမဲ့ သမိုင်းဖြစ်ရပ်မှန် အနေနဲ့ မဟုတ်ဘဲ စိတ်ကူးယဉ် စွန့်စားခန်းဝတ္ထုအဖြစ် ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ခုကတော့ ဒီဝတ္ထုကို ရေးသားစဉ်က အီဂေါ ဗဆဲဗာလာဒါဗိချ် မာယေးကား အမည်နဲ့ ရေးသားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကီး ဘူလီချော့ဗ် ကလောင်အမည်နဲ့ စိတ်ကူးယဉ် စွန့်စားခန်း ဝတ္ထုတွေ ရေးသားခဲ့ရာမှာည အကျော်ကြားဆုံး စိတ်ကူးယဉ်ဝတ္ထုရေးဆရာတစ်ယောက် အဖြစ် ထင်ရှားခဲ့ပါတယ်။ သမိုင်းဘာသာနဲ့ အရှေ့တိုင်းဘာသာ အထူးပြု သမိုင်းပါရဂူလည်း ဖြစ်တာကြောင့် သူ့ရဲ့ ဝတ္ထုတွေဟာ တကယ့်ဖြစ်ရပ်တွေအတိုင်း ဇာတ်အိမ်ခိုင်မာပြီး ဆွဲဆောင်မှု ရှိလှပါတယ်။ သူ့ရဲ့ ဒီဇာတ်လမ်းကို Aဇွန်မိုးက ရုရှားဘာသာကနေ မြန်မာဘာသာတိုက်ရိုက် ပြန်ဆိုပြီး ဂျူတီစာပေကနေ ထုတ်ဝေလိုက်တာမို့ ကမ္ဘာကျော် စာရေးဆရာကြီးရဲ့ မြန်မာ့သမိုင်းနောက်ခံ ဝတ္ထုကို မြန်မာစာဖတ်ပရိသတ်တွေ ဖတ်ရှုခွင့် ရပြီ ဖြစ်ပါတယ်။