လက်အရိုးပါ၍ ရေးသောစာများအတွဲ(1)
ခိုင်စိုးလင်း
3000 က်ပ္
စာရေးသူ - ခိုင်စိုးလင်း စာမျက်နှာ - ၁၀၀ ဆရာမ ခိုင်စိုးလင်းက ၂၀၁၀-၁၁ ခုနှစ်ဝန်းကျင် (ဘလော့ဂ်)ခေတ်လောက်ကတည်းက သူ့ဘလော့ဂ်မှာ ရေးသားခဲ့တဲ့ စာတွေကို ဝိုင်းမော်စာအုပ်တိုက်ကနေ အတွဲ(၃)တွဲခွဲပြီး
ထုတ်ဝေမှာ ဖြစ်ပါတယ်။ ယခု ထွက်ရှိလာတာကတော့ အတွဲ(၁)ပါ။ ဒီစာအုပ်နဲ့ ပတ်သက်လို့ ဝိုင်းမော်စာအုပ်တိုက်က ဒီလို ဆိုထားပါတယ်။ ‘အခု အတွဲ(၁)ကိုတော့ သူက ဒိုင်ကြောင်ဆန်တာတွေလို့ ရယ်စရာအနေနဲ့ ပြောပါတယ်။ အနုပညာဆိုတာ ဘယ်သို့ဘယ်ဝါ ဘယ်လိုဘယ်ညာ ဖြစ်သင့်တယ်လို့ သူကိုယ်တိုင် အင်မတန် အနုပညာဇီဇာကြောင်သူတစ်ဦးရဲ့ အသိပညာ တစ်စုံတရာ ရစေလိုတဲ့ စေတနာ မပါတဲ့ အရေးအသားတွေဟာ ဘယ်လိုတွေများပါလိမ့်လို့ အသိပညာရလိုရင် မြည်းစမ်းဖတ်ရှုနိုင်ဖို့ ကျေနပ်စွာ တင်ဆက်လိုက်ပါတယ်’ ဒီစာအုပ်ထဲမှာတော့ … ဝရန်တာမှာ ခြေဆင်းထိုင်ကြတယ်၊ မမြတ်မြတ်နွယ်သို့၊ သီချင်းတစ်ပိုင်းတစ်စ၊ ယိုင်နဲ့သွားသော ဘူးစင်များ၊ ဇာတ်ရံများ၊ သဲပေါ်မှာ လှဲအိပ်လိုက်တယ်၊ မိုးမရွာသော နေ့ရက်များ၊ တစ်ဝက်တပျက် နံရံ၊ ထုံးစံအတိုင်း၊ ကမ်းခြေ၊ ညီမျှခြင်းများ၊ ပလွေသံ၊ ပြိုမှာလေလား၊ မိုးတွင်းစီးဖိနပ်၊ ရင်၌ဖြစ်၍၊ မောင့်ပုံပြင်၊ အနုပညာရဲ့ အနုပညာ၊ ရေးရန်ရှိသည် ဆိုကြပါစို့၊ သို့ … မခိုင်စိုးလင်း၊ စတဲ့ အရေးအသားတွေ ပါဝင်ပါတယ်။
ခိုင်စိုးလင်း စာအုပ္မ်ား
chevron_right
Privacy Policy