တနုံ့နုံ့ဆွသော ဆူး
ပုညခင်
4500 က်ပ္
စာရေးသူ - ပုညခင် စာမျက်နှာ - ၁၃၃ ‘လူတချို့၏ အဆင်ပြေသာယာ ပျော်ရွှင်ခြင်းသည် လူတချို့အတွက်တော့ တနုံ့နုံ့ဆွသော ဆူးသဖွယ် ဖြစ်ရပုံကို …’ ဆရာမ ပုညခင်ရဲ့ ပရိသတ်တွေ အမျှော်လင့်ကြီး မျှော်လင့်န�
�ကြတဲ့ စာအုပ်သစ်လေးတော့ ထွက်ရှိလာပါပြီ။ ဒီတစ်ခါ ထွက်ရှိလာတဲ့ ဝတ္ထုကတော့ ဆရာမ ရေးသားခဲ့တဲ့ ယခင်ဝတ္ထုတွေနဲ့ မတူ၊ တစ်မူကွဲပြားတဲ့ ဇာတ်လမ်းပုံစံ ရေးဟန်တစ်သွယ် ပြောင်းလဲဖန်တီးထားတာမို့ စာဖတ်သူ ပရိသတ်တွေအဖို့တော့ အရသာတစ်မျိုး ပြောင်းလဲခံစားရမှာ သေချာပါတယ်။ ‘တနုံ့နုံ့ဆွသောဆူး’ ဆိုတဲ့ ဒီဇာတ်လမ်းကို ဆရာမက ဝတ္ထုတို၊ ဝတ္ထုလတ်လေးအဖြစ် ဖန်တီးဖို့ ရည်ရွယ်ခဲ့ပေမယ့် ရေးရင်းရေးရင်း စိတ်အာရုံဝင်စားကွန့်မြူးလို့ ဇာတ်လမ်းဇာတ်ကွက်ကို အကျယ်ချဲ့ပြီး ဝတ္ထုရှည်အဖြစ် ဖန်တီးဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ‘ဤဝတ္ထုသည် ဝတ္ထုရှည်ဟုသာ ဆိုရသော်ငြား ရေးနေကျဝတ္ထုများကဲ့သို့ ထူထဲခြင်းမရှိဘဲ ခပ်ပါးပါးမျှသာ ဖြစ်ခဲ့ပြီး ရေးနေကျ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ပုံစံတစ်မျိုး ပြောင်း၍ ရေးဖြစ်ခဲ့သော ဝတ္ထုဖြစ်ပါသည်။ ရှည်လျားထူထဲသည့် နင့်နင့်နဲနဲ ဝတ္ထုရှည်ကြီးကို ဖတ်ရှုခံစားခဲ့ကြပါသော ပရိသတ်များလည်း အရသာတစ်မျိုးပြောင်း၍ ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်လိမ့်မည်ဟု ထင်ပါသည်။ ဤဇာတ်လမ်းရေးရန်အတွက် ကျွန်မသည် ခရီးတွေလည်း မသွားခဲ့ရပါ။ နယ်ပယ်အသီးသီးက လူများကိုလည်း လိုက်လံရှာဖွေ အင်တာဗျူးမလုပ်ခဲ့ရပါ။ နေ့စဉ်ဖြတ်သန်းနေကျ လူမှုပတ်ဝန်းကျင်နှင့် လူမှုကွန်ယက်စာမျက်နှာပေါ်က လူများစွာ၏ စိတ်များစွာကို ဖတ်ရှုနိုင်ရန် ကြိုးစားရင်း တွေ့မြင်ကြားသိ ကြုံတွေ့ရသည့် လူတို့၏ သဘောသဘာဝများကို အခြေခံကာ ဝတ္ထုအဖြစ် ဖန်တီးရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤဇာတ်လမ်းတွင် မည်သူက ဇာတ်လိုက်လဲဟု မေးလာလျှင်တော့ ဣဿာမစ္ဆရိယ ကသာ ဇာတ်လိုက်ဟု ကျွန်မ ဖြေပါမည်။ ထိုဇာတ်လိုက်ကြီး ဝင်ရောက်မွှေနှောက်ခြင်း ခံရသည့် လူတို့၏ ဖြစ်ကြောင်းကုန်စင်ကိုတော့ စာမျက်နှာထက်မှာ ဆက်လက်ဖတ်ရှုပါဟူ၍သာ … ’ ကဲ … စာချစ်သူတွေ စောင့်မျှော်နေကြတဲ့ ဆရာမပုညခင်ရဲ့ စာအုပ်သစ်မှာ ဘယ်လိုရသ ခံစားမှုတွေ ပါဝင်လေမလဲ ဆိုတာတော့ ဆရာမ အမှာစာမှာ ရေးထားသလို စာမျက်နှာထက်မှာ ဆက်လက်ဖတ်ရှုပါလေဦး … စာချစ်သူများ ခင်ဗျ။
ပုညခင် စာအုပ္မ်ား
chevron_right
Privacy Policy