နိုင်ငံတကာ ခေတ်သစ် ဂန္ထဝင်ဝတ္ထုတိုများ
မြသန်းတင့်
10000 က်ပ္
စာရေးသူ - မြသန်းတင့်
စာမျက်နှာ - ၇၇၉
ဆရာမြသန်းတင့်ရဲ့ လက်ရာ နိုင်ငံတကာ ခေတ်သစ်ဂန္ထဝင် ဝတ္ထုတိုများ စာအုပ်တွဲ (၁ ကနေ ၄) အထိကို ဘဝတက္ကသိုလ်စာပေကနေ ထုတ်ဝေခဲ့ဖူးပါတယ်။ ဒီစာအုပ်တွဲ (၄)တွဲကို စုပ
ေါင်းပြီး ၂၀၀၉ ခုနှစ်တုန်းက ဒုတိယအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး ယခု ၂၀၁၉ မှာတော့ လေးအုပ်တွဲပေါင်းချုပ်အဖြစ် တတိယအကြိမ် ထပ်မံထုတ်ဝေလိုက်ပြန်ပါပြီ။ ယခု လေးအုပ်တွဲ ပေါင်းချုပ်မှာတော့ ငယ်ငယ်တုန်းက သူငယ်ချင်းဆိုတဲ့ ဝတ္ထုတိုကနေ ကိုက်ရှစ်ဆယ်အပြေး ဆိုတဲ့ ဝတ္ထုတိုအထိ စုစုပေါင်း (၇၇)ပုဒ် ပါဝင်ပါတယ်။ ဒီ နိုင်ငံတကာ ခေတ်သစ်ဂန္ထဝင်ဝတ္ထုတိုများ စာအုပ်တွဲပေါင်းချုပ်နဲ့ ပတ်သက်လို့ ပထမအကြိမ် ထုတ်ဝေစဉ်က ဆရာမြသန်းတင့်က ဒီလို အမှာစာ ရေးသားထားပါတယ်။
‘ကျွန်တော်သည် ကျွန်တော့်အကြိုက်နှင့် ကိုက်ညီသည့် ဝတ္ထုတိုများ၊ကျွန်တော် သဘောကျသည့် ဝတ္ထုတိုများကိုသာ ရွေးချယ်ပြန်ဆိုထားခြင်း ဖြစ်သည်။ အချို့ကို အရေးအသားကောင်းသဖြင့် ကျွန်တော် ကြိုက်သည်။ အချို့ကိုဦးတည်ချက် ကောင်းသဖြင့် ကျွန်တော် ကြိုက်သည်။ အချို့ကို အတတ်ပညာ ကောင်းသဖြင့် ကျွန်တော် ကြိုက်သည်။ အချို့ကို အတွေးအခေါ် ကောင်းသဖြင့် ကျွန်တော် ကြိုက်သည်။ အချို့ကို ခေတ်ပြိုင် ခံစားမှုကို ဖော်ပြနိုင်သဖြင့် ကျွန်တော် ကြိုက်သည်။ ယခု ကမ္ဘာ့ဝတ္ထုတိုများကို စုစည်းရာတွင် ကျွန်တော် ပြန်ဆိုသည့် သက္ကရာဇ်အစဉ်အတိုင်း မရွေးပါ။ ဝတ္ထုတိုဆရာတို့၏ ရေးသားသည့် သက္ကရာဇ်အစဉ်အတိုင်းလည်း မရွေးပါ။ နိုင်ငံအလိုက် ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ နောင်အတွဲများတွင်လည်း နိုင်ငံအလိုက်၊ လူမျိုးအလိုက် ရွေးချယ်ရန် ရည်ရွယ်ထားပါသည်’
ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတိုတွေလည်း ဖြစ်၊ ဘာသာပြန်ခဲ့သူက ဆရာမြသန်းတင့်လည်း ဖြစ်၊ ရသကလည်း အဖုံဖုံဆိုတော့ ဒီစာအုပ်မျိုးမှ မဖတ်၊ ဘယ်စာအုပ် ဖတ်ဦးမလဲ စာချစ်သူတို့ရေ။