Marine Service Engineer မှတ်စု(၂)
Win Aung
4000 က်ပ္
စာရေးသူ - ဝင်းအောင် (ပခုက္ကူ) စာမျက်နှာ - ၂၈၄ Smart စာပေကနေ ထွက်ရှိလာတဲ့ ‘Marine Service Engineer (မှတ်စုများ - ၂)’ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ပညာရပ်ဆိုင်ရာ စာအုပ်ပါပဲ။ သင်္ဘော ရေကြောင်း
နဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသူတွေ၊ လေ့လာနေသူတွေအတွက် အကျိုးရှိမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်လို့ စာရေးသူက ဒီလို ဆိုထားပါတယ်။ ‘သင်္ဘောပေါ်မှာ ကြုံတွေ့ရတတ်တဲ့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေကို သိချင်၊ လေ့လာချင်တဲ့သူတွေအတွက် အတွေ့အကြုံ၊ အပြစ်ရှာဖွေပုံ ဇာတ်လမ်းလေးတွေ ပြောပြထားတာပါ။ ပြဿနာတစ်ခုခု ဖြစ်လာရင် ဘယ်လိုချဉ်းကပ်စဉ်းစားတယ်၊ တစ်ဆင့်စီ ဘယ်လိုတွေးပြီး ဘာတွေ တိုင်းကြည့်တယ်၊ ဘယ်အချက်ကြောင့် ဖယ်ထုတ်လိုက်တယ်၊ ဘာကောက်ချက်ချတယ် ဆိုတာလေးတွေ ပြောပြထားပါတယ်။ System တစ်ခုစီရဲ့ အလုပ်လုပ်ပုံ အခြေခံသဘောတရားတွေကို အလျဉ်းသင့်သလို ရှင်းပြထားပါတယ်။ ဒီတစ်အုပ်မှာ ပါတာကတော့ Boiler, Fire Alarm, Generator, Tank Gauging, Winch, Anti- heeling, Gas Detection System တွေနဲ့ အထွေထွေအကြောင်းအရာအချို့ ဖြစ်ပါတယ်’ အခန်းပေါင်း (၃၄)ခန်း ပါဝင်ပြီး ဓာတ်ပုံတွေ သရုပ်ဖော်ပုံတွေနဲ့တကွ ရှင်းပြထားတဲ့ ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပါဦး။
Win Aung စာအုပ္မ်ား
chevron_right
Privacy Policy