ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေပါ
မေသင်္ကြန်ဟိန်(မြစ်မခ)
2500 က်ပ္
စာရေးသူ - မေသြင်္ကန်ဟိန် (မြစ်မခ) စာမျက်နှာ - ၁၆၄ ဆရာမ မေသြင်္ကန်ဟိန် (မြစ်မခ)ရဲ့ စာအုပ်သစ်လေး ထွက်ရှိလာပါပြီနော်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေပါ … တဲ့။ ဆရာမရဲ့ အောင်မြင်ရေးစာစုများ အ�
�ှတ်(၉)အဖြစ် ထွက်ရှိလာတာပါ။ ဒီစာအုပ်သစ်လေးထဲမှာ အောင်မြင်ရေးစာစုပေါင်း (၂၂)ပုဒ် ပါဝင်ပါတယ်။ ‘စိတ်ချမ်းသာမှုဟာ သိပ်ကို အရေးကြီးပါတယ်။ လူတိုင်းအတွက် အရေးကြီးတယ်။ စိတ်ချမ်းသာနေတဲ့ အချိန်မှာ လူတွေဟာ စိတ်ထားပိုကောင်းကြတယ်။ စိတ်ချမ်းသာနေတဲ့ အချိန်မှာ လူတွေဟာ အလုပ်ကို ပိုကောင်းအောင် လုပ်နိုင်ကြတယ်။ စိတ်ချမ်းသာနေတဲ့ သူဟာ အိမ်ထောင်ရေးကိုလည်း ပျော်ရွှင်သာယာအောင် လုပ်နိုင်တယ်။ စိတ်ချမ်းသာနေတဲ့ သူဟာ စီးပွားရေးကိုလည်း ပိုကောင်းအောင် လုပ်နိုင်တယ်။ စိတ်ချမ်းသာနေတဲ့သူဟာ ကျန်းမာရေးလည်း ပိုကောင်းနိုင်တယ်။ စိတ်ချမ်းသာနေတဲ့သူဟာ တီထွင်ဖန်တီးမှု ဉာဏ်လည်း ပွင့်တယ်။ အဲဒါကြောင့် ကျွန်မအနေနဲ့ ဘဝအရေးမှာ ဘယ်လိုပဲ ကြုံရကြုံရ စိတ်ချမ်းသာအောင် နေနိုင်ဖို့ပဲ ကြိုးစားမိပါတယ်။ ကျွန်မလိုပဲ စိတ်ချမ်းသာစွာ နေထိုင်လိုတဲ့ မိတ်ဆွေများ အားလုံးကို ကျွန်မရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်အချို့ကို မျှဝေလိုတဲ့အတွက် ဒီစာအုပ်ကို ထုတ်ဝေလိုက်ပါတယ်’ လို့ ဆရာမက အမှာစာမှာ ဆိုထားပါတယ်။ ကဲ … စိတ်ညစ်နေတဲ့ ဘော်ဒါတို့အတွက် ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေပါဆိုတဲ့ စာအုပ်လေးကို လက်တို့လိုက်ပါတယ်ဗျာ။
မေသင်္ကြန်ဟိန်(မြစ်မခ) စာအုပ္မ်ား
chevron_right
Privacy Policy