ရုပ်နာမ်ကကြိုး
ကလောင်စုံ
4000 က်ပ္
စာရေးသူ - ကလောင်စုံ စာမျက်နှာ - ၂၈၄ ဝါရင့်စာရေးဆရာ၊ ဆရာမတွေနဲ့အတူ အွန်လိုင်းပေါ်ကနေ ဖောက်ထွက်ရေးသားနေကြတဲ့ လူငယ်ကလောင်ရှင်တွေ ပေါင်းစုပြီး ဖန်တီးထုတ်ဝေလိုက်တဲ့ ပရလောကနောက်ခံ ဝတ္ထုတ�
�ုစုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သက်မင်းဂျူလိုင်၊ ယဉ်ယဉ်နု(မန္တလေး)၊ လွင်ဦးဟန်၊ ခင်လေး (ပြည်ထောင်စုနယ်မြေ)၊ ရောင်နီသက်လွင်၊ အမ်နိုင်း(အိုအေစစ်)၊ ဟယ်ရီဇော်၊ ဝေနှင်းဖြူ၊ ယဉ်မေမြင့်မိုရ်၊ မိုးစွေ … စတဲ့ ကလောင်ရှင် (၁၀)ဦးရဲ့ လက်ရာ၊ ပရဆန်းကျယ်၊ ဂမ္ဘီရ၊ သိုက်၊ စုံထောက်၊ ဖြစ်ရပ်မှန်၊ သည်းထိတ်ရင်ဖို၊ ဟာသ … အရသာကွဲပြားပြီး ထူးခြားဆန်းကျယ်တဲ့ ဝတ္ထုတိုတွေကို အားပါးတရ ဖတ်ရှုကြရမှာပါ။ စာအုပ်ခေါင်းစဉ်ဖြစ်တဲ့ ရုပ်နာမ်ကကြိုး ဆိုတဲ့ နာမည်လေးအတိုင်း စာချစ်သူတွေရဲ့ ရုပ်နာမ်နှစ်ပါးကို ဘယ်လိုဇာတ်လမ်းတွေ၊ ဘယ်လိုရသတွေနဲ့ ချောက်ချောက်ချားချား ဖမ်းစားပြီး ဘယ်လိုကကြိုးတွေ သီမလဲ။ ဓမ္မစေတီရတနာသိုက်မှ ထူးဆန်းသော ငွေခေါင်းလောင်း နှစ်လုံး၊ ဆာမိ၊ နေထိပန်း၏ အစွဲအလန်း၊ နှစ်လောင်းပြိုင် လူသတ်မှု၊ မစင်စား၍ အကြွေးဆပ်သူ၊ မကျွတ်လွတ်ကြေး၊ သရဲခေါ်မိသူရဲ့ ဖြစ်ရပ်ဆန်း၊ အမာရီ၊ စိတ္တဇလူ၊ သားပျောက် … စတဲ့ ပရဆန်းကြယ်နောက်ခံ ဝတ္ထုတိုတွေကို စုစည်းထားပါတယ်။ တစ်ယောက်တည်းတော့ မဖတ်နဲ့ပေါ့နော်။
ကလောင်စုံ စာအုပ္မ်ား
chevron_right
Privacy Policy