မောင်ဒေး မီးကိုပြုလုပ်ခြင်း
မောင်ဒေး
2500 က်ပ္
စာရေးသူ - မောင်ဒေး
စာမျက်နှာ - ၆၀
ဆရာမောင်ဒေးရဲ့ မီးကို ပြုလုပ်ခြင်း - စကားပြေကဗျာများ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် စာချစ်သူတို့ရေ။ ဒီစာအုပ်ကို ဝိုင်းမော်စာအုပ်တိုက်ကနေ ၂၀၁�
�၊ မေလမှာ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။
စကားပြေ ကဗျာများ ဆိုတာ ဘယ်လိုလဲ။ ဘာကြောင့် စကားပြေ ကဗျာများလို့ သုံးနှုန်းထားရသလဲ။ ဒီစာအုပ်အတွက် အမှာစာမှာ သူရိန်လူလေးက ဒီလို ဆိုထားပါတယ်။
‘ကိုမောင်ဒေးရဲ့ ဒီစာအုပ်ဟာ အေးဆေးတိတ်ဆိတ်တဲ့ စကားပြေထဲမှာ မီးလိုပုံရုပ်တွေကို ခင်းကျင်းထားတယ်။ ပုဂ္ဂလိကဆန်တဲ့ ပုံရုပ်ဇာတ်လမ်းတွေနဲ့ အလုပ်လုပ်ထားတယ်။ အတိတ်၊ သမိုင်း ပုံရုပ်ဇာတ်လမ်းတွေဟာ ပုံပန်းမကျ ဖြစ်နေတယ်။ စာအုပ်ရဲ့ အငွေ့ဟာ တောရွာကျေးလက်ပိုင်းက ငြိမ်သက်မီးလောင်ပြင်တစ်ခုကို ရောက်သွားသလိုပါပဲ’
ဒီစာအုပ်အတွက် အမှာစာတွေကိုတော့ သူရိန်လူလေး၊ စိုးလူထက်နဲ့ စိုးမြင့်ဝင်းတို့က ရေးသားထားကြပြီး စကားပြေကဗျာတွေမှာတော့ အပိုင်းအားဖြင့် နှစ်ပိုင်း ပါဝင်ပါတယ်။
မီးကိုပြုလုပ်ခြင်း စကားပြေကဗျာတွေမှာ တကယ့်အဖြစ်အပျက်တွေကို ဇာတ်ကြောင်းပြောပုံစံ၊ သရုပ်ဖော်အရေးအသားတွေနဲ့ ရက်ဖောက်ထားသလို သူ့ဘဝ၊ သူဖြတ်သန်းတွေ့ကြုံနေရတဲ့ အရာတွေထဲက သူ့မိသားစု၊ သူ့သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ဖြစ်အင်တွေကို ပြန်ပြောပြ၊ ပြန်ရေးပြနေခြင်း အလုပ်ကို စကားပြေကဗျာနဲ့ ဖော်ထုတ်ထားတာပဲ ဖြစ်ပါတယ်။
‘စကားပြေကဗျာရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ စာတစ်မျက်နှာစာအတွင်း ဇာတ်လမ်းနဲ့ အဖြစ်အပျက်အကြား ဖန်တီးသူက လင်းလက်မှုတစ်ခု အမိအရ ဖမ်းယူထားနိုင်စွမ်းမှာ ဖတ်သူပါ တစ်ပါတည်း လိုက်ပါလာစေသလို တစ်ခါတစ်ခါ အဆုံးစွန် ပေါ့ပါးရပြီး လေးနက်သိပ်သည်းတဲ့ အရာတွေကိုပါ လှိုင်းစီးနေရသလို ဖတ်သူပါ လိုက်ပါလာနေရတာ အသေအချာပါပဲ’ လို့ စိုးမြင့်ဝင်းက အမှာစာမှာ ဆိုထားပါရဲ့။ မြန်မာစာပေရဲ့ ရေစီးသစ် အရေးအသားတွေကို ခံစားကြည့်ကြပါဦး။