စတာလင်၏ လီနင်ဝါဒပြဿနာများ
ကျော်လင်း
1500 က်ပ္
စာရေးသူ - ကျော်လင်း (မြန်မာပြန်) စာမျက်နှာ - ၁၁၄ ဆရာကျော်လင်း မြန်မာပြန်ဆို ရေးသားခဲ့တဲ့ ‘စတာလင်၏ လီနင်ဝါဒ ပြဿနာများ’ စာအုပ်ကို ယဉ်မျိုး စာအုပ်တိုက်ကနေ ဒုတိယအကြိမ်အဖြစ် ၂၀၁၉၊ ဇွန်လမှာ ထုတ်�
�ေဖြန့်ချိလိုက်ပါတယ်။ လီနင်ဝါဒဆိုတာကတော့ နယ်ချဲ့ခေတ်နဲ့ ပစ္စည်းမဲ့တော်လှန်ရေးခေတ်ရဲ့ မာ့က်စ်ဝါဒ ဖြစ်ပါတယ်။ ပိုမိုတိကျစွာ ဖော်ပြရပါရင်တော့ လီနင်ဝါဒဆိုတာဟာ ယေဘူယျသဘောအားဖြင့် ပစ္စည်းမဲ့ တော်လှန်ရေးရဲ့ သဘောတရားနဲ့ နည်းပရိယာယ်ပဲ ဖြစ်ပါတယ်။ လီနင်ပေါင်းချုပ်မှာတော့ ဒီလို ဆိုထားပါသေးတယ်။ ‘ငါတို့တိုင်းပြည်၏ အလွန်ခေတ်နောက်ကျမှုနှင့် ဓနရှင်ပေါက်စ လက္ခဏာတို့ကို အကြောင်းပြု၍ ငါတို့တိုင်းပြည်၏ ပစ္စည်းမဲ့ အာဏာရှင်အဖြစ်သည် အချို့သော အချက်အလက်များတွင် ခေတ်မီတိုင်းပြည်များ၏ ပစ္စည်းမဲ့ အာဏာရှင်အဖြစ်နှင့် မလွှဲမရှောင်သာအောင် ခြားနားရပေမည်။ သို့သော်လည်း ရုရှား၏ အခြေခံအင်အားစုများ၊ လူမှုစီးပွားရေး အခြေခံ အသွင်သဏ္ဌာန်များသည် မည်သည့်အရင်းရှင်တိုင်းပြည်နှင့်မဆို အတူတူပင် ဖြစ်သောကြောင့် ဤထူးခြားချက်များသည် အရေးကြီးဆုံး မဟုတ်သည့် ကိစ္စများနှင့်သာ ပတ်သက်နိုင်ပေသည်’ ဒီစာအုပ်မှာတော့ … ၁။လီနင်ဝါဒ၏ အဓိပ္ပာယ်အကျဉ်းချုပ်၊ ၂။ လီနင်ဝါဒတွင် အခြေခံဖြစ်သောအရာ၊ ၃။ ရာသက်ပန် တော်လှန်ရေး ပြဿနာ၊ ၄။ ပစ္စည်းမဲ့ တော်လှန်ရေးနဲ့ - ပစ္စည်းမဲ့ အာဏာရှင်အဖြစ်၊ ၅။ ပစ္စည်းမဲ့ အာဏာရှင်အဖြစ် စနစ်အတွင်းရှိ ပါတီနှင့် အလုပ်သမား လူတန်းစား ၆။ တိုင်းပြည်တပြည်တည်းတွင် ဆိုရှယ်လစ်ဝါဒ အောင်ပွဲဆင်ရေး ပြဿနာ ၇။ ဆိုရှယ်လစ် တည်ဆောက်ရေး အောင်ပွဲဆင်မှုအတွက် တိုက်ခိုက်ခြင်း … စတဲ့ အခန်းကဏ္ဍတွေ ပါဝင်ပါတယ်။
ကျော်လင်း စာအုပ္မ်ား
chevron_right
Privacy Policy