သူတို့ဒီနေရာကို ဘယ်လိုရောက်လာကြသလဲ
ကလောင်စုံ
5000 က်ပ္
စာရေးသူ - ကလောင်စုံ
စာမျက်နှာ - ၂၆၅
The Book House စာအုပ်တိုက်ကနေ ဆဋ္ဌမအကြိမ် ထုတ်ဝေလိုက်တဲ့ ‘သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ’ ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လက်ရှိ အသက် ၅၀ အရွယ် နယ်ပ
ယ်ကဏ္ဍအသီးသီးမှာ အောင်မြင်နေတဲ့ ပုဂွ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ ဆယ်ကျော်သက် ဘဝတုန်းက ရည်မှန်းချက်တွေ၊ သူတို့မိဘတွေက ဖြစ်စေချင်တာတွေနဲ့ သူတို့ရဲ့ လက်ရှိဘဝမှာ အောင်မြင်နေတာတွေက တစ်ထပ်တည်းကျရဲ့လား ဆိုတာကို လေ့လာနိုင်ကြပါလိမ့်မယ်။ ဒီကနေ့ ဆယ်ကျော်သက်တွေနဲ့ သူတို့မိဘတွေကို တစ်စုံတစ်ရာ အထောက်အကူပြုနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ရွှေပြည်ဟိန်း ဆရာတော်၊ ဗိုလ်မှူးချုပ်အေဘယ်(လ်)၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာခင်မောင်ဝင်း (အသည်းအထူးကု)၊ စံ - ဇာဏီဘို၊ ပန်းချီမင်းဝေအောင်၊ ဒေါ်ဝင်းဝင်းတင့် (City Mart) ၊ ဓာတ်ပုံဇော်မင်းယု၊ အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း၊ တယောဦးတင်ရီ၊ ဒေါက်တာကျော်စော(စာပန်းအိမ်)၊ ဦးအောင်ထိုက်(စိတ်တိုင်းကျ)၊ UD ဦးခင်မောင်ဝင်း၊ KMD ဦးသောင်းတင်၊ ဦးအုန်း (FREDA) ၊ ဦးကျော်မင်း၊ ဒေါက်တာတင်စိုး၊ ကပ္ပတိန်သန်းအောင်လတ်၊ ဦးဉာဏ်လင်း (YKKO) တို့ကို ကျော်ရင်မြင့်၊ နေဝင်းမြင့်၊ မောင်ကိုကို(အမရပူရ)၊ မောင်အောင်နိုင်၊ စည်သူအောင်မြင့်၊ ကြည်လင်အေးတို့က တွေ့ဆုံမေးမြန်း ဆွေးနွေးထားကြတဲ့ လှေကားထစ်များ ရာဇဝင်။ လူငယ်တွေရော၊ သားသမီးရှိတဲ့ မိဘတွေပါ ဖတ်သင့်တဲ့ ဆွေးနွေးခန်းစာအုပ်ပဲ ဖြစ်ပါတယ်။