အပြေးကြောင်းပြောရင်းပြောဖြစ်တာတွေ
ဒီနိုဗို
3000 က်ပ္
စာရေးသူ - ဒီနိုဗို (ဘာသာပြန်) စာမျက်နှာ - ၁၇၅ ဟာယူကီ မူယာကာမိရဲ့ What I Talk About When I Talk About Running ကို ဆရာဒီနိုဗိုက အပြေးအကြောင်းပြောရင်း ပြောဖြစ်တာတွေ ဆိုတဲ့အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ‘ဒ�
�စာအုပ်ဟာ အပြေးသက်သက်ထက် မူယာကာမိ ဆိုတဲ့ စာရေးဆရာတစ်ယောက်ရဲ့ အချိန်ကာလနဲ့ အပြိုင် ဖြတ်သန်းရွေ့လျားရင်း ရလာတဲ့ ဘဝအမြင်၊ လောကအမြင်၊ သူ့ပင်မအလုပ်ဖြစ်တဲ့ စာရေးခြင်းအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်မှုတွေနဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ အဖိုးတန် ကိုယ်ရေးမှတ်တမ်းတစ်ခု၊ ပြန်လည် အမှတ်ရမှုတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီစာအုပ်ဟာ စာရေးမယ့်သူ၊ အနုပညာဖန်တီးမယ့်သူများအတွက်သာမက ကိုယ့်ဘဝကိုယ် ပြဌာန်းနေကြတဲ့ တစ်ဦးချင်းဘဝတွေအတွက်ပါ ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်စရာတွေနဲ့ ပြည့်နေတဲ့အတွက် တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြန်ဆိုလိုက်ပါတယ်’ လို့ ဆရာဒီနိုဗိုက ဒီစာအုပ်ကို ဘာသာပြန်ဆိုရခြင်းနဲ့ ပတ်သက်လို့ အမှာစာမှာ ရေးသားထားပါတယ်။ ဒီစာအုပ်ကို (၂၀၁၆) သြဂုတ်လက ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပြီး ယခု (၂၀၁၉) မေလမှာ လင်းလွန်းခင်စာပေတိုက်ကနေ ဒုတိယအကြိမ် ထပ်မံပုံနှိပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဟာယူကီ မူရာကာမိရဲ့ စာတွေက ဘယ်လိုအဆင့်အတန်းရှိတယ်ဆိုတာ စာဖတ်သူတွေ သိပြီးသားမို့ ဒီစာအုပ်ကလည်း ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဆိုတာ အထူးညွှန်းဆိုစရာ မလိုလောက်ဘူး ထင်ပါတယ်။
ဒီနိုဗို စာအုပ္မ်ား
chevron_right
Privacy Policy