မေတ္တာကမ်းစပ်နေကြတ်ချိန် (သို့) ပန်းကြွေချိန်
ပိုင်ဇင်ဇော်(သတ္ထု)
3500 က်ပ္
စာရေးသူ - ပိုင်ဇင်ဇော် (သတ္တု)
စာမျက်နှာ - ၂၈၅
‘သတ္တုတူးဖော်ခြင်း လုပ်ငန်းများတွင် ဘဝကို မြှုပ်နှံ၍ အခက်အခဲပေါင်းများစွာကို အံကြိတ်ခံရင်း ဖြတ်သန်းနေရသော မိုင်းလုပ်သားများနှင့် မိုင်းလ�
�ပ်ငန်းရှင်များအကြောင်း …
အကျဉ်းဦးစီးဌာန၊ ကျောက်ထုတ်လုပ်ငန်းတွင် တွေ့ကြုံရသော အဖြစ်အပျက်များ …
ပင်စင်စား အငြိမ်းစား ဝန်ထမ်းများ၏ ဘဝအခြေအနေ စသည့် ကျွန်တော် ရင်းနှီးခဲ့ရသော ဘဝဖြစ်စဉ်များကို သုတ ရသ မျှဝေခံစားစေချင်သော ဆန္ဒဖြင့် နှလုံးသားမေတ္တာ အားပြိုင်မှုတို့ကို ယှဉ်၍ ရေးသားတင်ပြထားပါသည်’ ဆိုတဲ့ အမှာစာနဲ့ လင်းလွန်းခင်စာပေတိုက်ကနေ အသစ်ထွက်ရှိလာတာကတော့ ဆရာပိုင်ဇင်ဇော်(သတ္တု) ရေးသားတဲ့ မေတ္တာကမ်းစပ် နေကြတ်ချိန် (သို့) ပန်းကြွေချိန် နှင့် အခြား မဂ္ဂဇင်းဝတ္ထုတိုများ ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဆရာပိုင်ဇင်ဇော်ရဲ့ (၅)အုပ်မြောက် ဝတ္ထုတိုစုစည်းမှု စာအုပ်ဖြစ်တဲ့ ဒီစာအုပ်မှာ ပါဝင်တဲ့ အဓိကအကြောင်းအရာတွေကတော့ စာဖတ်သူတချို့နဲ့ ကျွမ်းဝင်မှု မရှိတဲ့ သတ္တုတူးဖော်ခြင်း လုပ်ငန်းက ဘဝအတွေ့အကြုံ အဖြစ်အပျက်တွေကို သုတရသ အဖုံဖုံနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။ လူတစ်ကိုယ် ဘဝတစ်ခုနှင့် အပူတစ်မီး၊ အညတြ အလင်းရှင်၊ အက်ကြောင်းရှိသော နှလုံးသားများ၊ ဘဝပဲ့ကိုင်၊ ကြွေလွင့်ပန်းတို့ လန်းရာစမ်း၊ လေရူးပွေတဲ့ တပေါင်းလေ၊ ရေကျော်ခုနစ်ပေါက်က စရောက်လာသော လေပွေ၊ မျှော်လင့်ခြင်းနှင့် ထပ်တူ၊ မိုးနှောင်းလေဆန်က် အပျံခက်မိသည့် ငှက်၊ အပင်အိုရိပ်၊ မေတ္တာကမ်းစပ် နေကြတ်ချိန် (သို့) ပန်းကြွေချိန်၊ ပိုးကိုက်ပန်းများ ကပ်သည့်ကမ်း၊ မုန်တိုင်းပြယ်ချိန်၊ တန်ခူးလေနှင့် ဖူးစေတဲ့ပန်း၊ တောင်ဇလပ်ပန်း နွမ်းကာမှ … စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။