သားပျောက်သူ
မောင်မိုးသူ
4500 က်ပ္
စာရေးသူ - မောင်မိုးသူ စာမျက်နှာ - ၃၆၃ ကမ္ဘာ့အပျော်ဖတ် ဝတ္ထုလောကမှာ အချစ်နဲ့ လျှို့ဝှက်သည်းဖို စာရေးဆရာမ ဒင်နီရယ်လ်စတီးဟာ အလွန်ကျော်ကြားတဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုလက်ရာတ
ွေဟာ အလွန်တရာ လူကြိုက်များလှပြီး အရောင်းရဆုံး စာအုပ်စာရင်းဝင်စာအုပ်တွေပဲ ဖြစ်ပါတယ်။ ယခု သားပျောက်သူ ဝတ္ထုကတော့ ဆရာမ ဒင်နီရယ်လ်စတီးရဲ့ Vanished ဆိုတဲ့ ဝတ္ထုကို ဆရာမောင်မိုးသူက ပျောက်သောသူ ဆိုတဲ့အမည်နဲ့ ယခင်က တစ်ပိုင်းတစ်စ ဘာသာပြန်ခဲ့ဖူးပြီး မြင်ကွင်းမဂ္ဂဇင်းမှာ အခန်းဆက်ဝတ္ထုရှည်အဖြစ် (၈)လလောက် ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ပျောက်သောသူ ဝတ္ထုဟာ အဆုံးမသတ်ခဲ့ပါဘူး။ မြင်ကွင်းမဂ္ဂဇင်းရဲ့ အပြောင်းအလဲအပြင် ဆရာမောင်မိုးသူလည်း အထဲရောက်သွားချိန်မှာ ပျောက်သောသူဟာ စာဖတ်သူတွေဆီကနေ တစ်ဝက်တစ်ပျက်နဲ့ ပျောက်ဆုံးနေခဲ့ပါတယ်။ (၂၀၁၁)လောက် ရောက်မှ ဆရာမောင်မိုးသူက ဒီဇာတ်လမ်းကို ဆက်လက်ဘာသာပြန်ခဲ့ပြီး သားပျောက်သူ ဆိုတဲ့အမည်နဲ့ ပထမအကြိမ်အဖြစ် အဲဒီကာလမှာ ထုတ်ဝေခဲ့ပါတယ်။ အခုကတော့ လင်းလွန်းခင် စာအုပ်တိုက်ကနေပဲ ဒုတိယအကြိမ်အဖြစ် ထပ်မံပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ ဆရာမ ဒင်နီရယ်လ်စတီးရဲ့ ဟန်အတိုင်း သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းကို စာချစ်သူတို့ အကြိုက်တွေ့ကြမှာ အသေအချာပါပဲ။ ကဲ … ဖတ်ကြည့်လိုက်ကြပါဦးခင်ဗျ။
မောင်မိုးသူ စာအုပ္မ်ား
chevron_right
Privacy Policy