စက်ဘီပေါ်ကနှင်းတွေ
ဇလတ်
2500 က်ပ္
စာရေးသူ - ဇလတ် စာမျက်နှာ - ၁၁၈ ‘လမ်းတွေကို ငါက အလွတ်ရနေခဲ့သူကိုး … ဒါပေမဲ့ ရှေ့မှာ မျှော်လင့်မထားတဲ့ တစ်ခုခုနဲ့ ရင်ဆိုင်တိုးမိရင်တော့ … ငါ့မှာ ဖရိုဖရဲနဲ့ ပြိုလဲခဲ့ရတာလည်း ရှိခဲ့သပေါ့�
��ေ ငါ့စက်ဘီးအဟောင်းလေးက အနက်ရောင်ဆေးသားတွေဟာ မှိန်လို့ လွင့်လို့ ဖျော့တော့လို့ …’ စာရေးဆရာဇလတ်ရဲ့ ဝတ္ထုတိုနဲ့ အက်ဆေးတွေ စုစည်းထားတဲ့ ဒီစာအုပ်လေးကိုတော့ ကျော်မွှေးစာပေကနေ ထုတ်ဝေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပြင်းပြင်းရှရှ ရသခံစားမှုတွေနဲ့ ဝတ္ထုတို အက်ဆေးပေါင်း အပုဒ် (၂၀)တိတိ ပါဝင်ပါတယ်။ ဖျားနေတုန်း ရေးတဲ့စာ၊ အဝေးက ဟန်နီ၊ ချစ်တဲ့ ဟန်နီ၊ ငေးနေတဲ့ ရှုခင်းတွေ၊ လိပ်ပြာရဲ့ သီချင်းနံပါတ် ခြောက်၊ အိမ်အပြန်၊ မိုးတွေ ရွာနေချိန်ခဏ၊ လက်ဖက်ရည်ဆိုင် နှစ်များ၊ လမ်းရဲ့ တစ်ဖက်မှာ ကျန်ခဲ့တယ်၊ တစ်ခါတုန်းက ချစ်ခြင်းမေတ္တာ၊ တစ်ယောက်တည်း တွေးခဲ့အခါ၊ သတိရမှုထဲက အပိုင်းအစတွေ၊ ကိုယ်ဟာ မိုးတိမ်၊ ကွယ်ရာမှာ မင်းရင်မခုန်တဲ့ ရော့ခ်သီချင်းတစ်ပုဒ်နဲ့ လွမ်း၊ ကလေးလေးတစ်ယောက်၊ ညနေခင်းများနဲ့ ကြယ်၊ တစ်ကိုယ်ရည်လမ်း၊ လွင့်မျော ခရီးသည်၊ ငါ ပြန်ပြီး မရောက်တော့မယ့် ကမ္ဘာ၊ စက်ဘီးပေါ်က နှင်းတွေ … စတဲ့ ဝတ္ထုတို အက်ဆေးတွေ ပါဝင်ပါတယ်။ ခံစားကြည့်ကြပါဦး မိတ်ဆွေတို့ရေ။
ဇလတ် စာအုပ္မ်ား
chevron_right
Privacy Policy