ပျော်ရွှင်တတ်သောမိုးတိမ်များ
စစ်ငြိမ်း
4000 က်ပ္
စာရေးသူ - စစ်ငြိမ်း
စာမျက်နှာ - ၁၅၂
‘ဒီကာလတွေမှာ မင်းဘယ်လို နေခဲ့လဲ … တဲ့။
ကျွန်တော် မဖြေမိဘူး။
ခဏတိတ်သွားတဲ့မိုးက ပြန်ရွာလာတယ်။
သူနဲ့ ကျွန်တော် ထိုင်နေတာက
ဆိုင်ရဲ့ အရှေ့ဘက်ထောင့်နား�
�ှာ …’
‘အမှောင်ထဲမှာ မိုးတွေရွာနေတယ်နော်လို့
ကျွန်တော် ပြောလိုက်တယ်။
အမြဲတမ်းပါပဲတဲ့။ သူက ပြန်ပြောတယ်’
ဒါကတော့ စစ်ငြိမ်းရဲ့ စာအုပ်သစ်ဖြစ်တဲ့ ပျော်ရွှင်တတ်သော မိုးတိမ်များ စာအုပ်ထဲက ကောက်နှုတ်ချက်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်လို့ စစ်ငြိမ်းက ဒီလို ဆိုထားပါတယ်။
‘ပျော်ရွှင်တတ်သောမိုးတိမ်များဟာ
ပြတင်းပေါက်ကကြောင်ရဲ့နောက်ဆက်တွဲ
သို့မဟုတ် ကျနော် ဘယ်တော့မှ ပြန်မရောက်တော့မယ့်
တိုင်းပြည်အကြောင်း သီချင်းတစ်ပုဒ်ပါပဲ။
ကျနော် အဲ့ဒီသီချင်းကို အခုဆိုမယ်
မိုးထဲ လေထဲ
ပြီးတော့ မှိုင်းနေတဲ့အမှောင်ရဲ့နှင်းတွေထဲပေါ့
အဲ့ဒီလိုပေါ့
ပြီးရင်တော့ ကျနော် မေ့ပစ်ရပါလိမ့်မယ်
အဝါရောင်ပန်းတွေ နောက်တစ်ခါပွင့်တဲ့အခါ
အဲ့ဒီမိုးတိမ်တွေဟာ အိမ်ရဲ့အဝေးမှာ
ရွာချလို့ပြီးသွားလောက်ပြီ မဟုတ်လားခင်ဗျာ...’
ပျော်ရွှင်တတ်သော မိုးတိမ်များ စာအုပ်ကတော့ စစ်ငြိမ်းရဲ့ ပရိသတ်တွေအတွက် ရသအသစ်တွေ ခံစားရမှာ အသေအချာပါပဲ။ စာအုပ်အပြင် DVD အခွေလည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ DVD အခွေကတော့ မေလ (၁၉)ရက်နေ့ နောက်ပိုင်းမှ ရရှိနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်သက်သက်အနေနဲ့တော့ … အခု မှာလို့ ရနေပါပြီနော်။