ဗိုလ်ချုပ်နှင့်ရှမ်းပြည် သူတို့နှင့်ပင်လုံ
စိုင်းထွန်းနောင်
2000 က်ပ္
စာရေးသူ - စိုင်းထွန်းနောင်
စာမျက်နှာ - ၁၄၀
မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသူ အဓိကတရားခံမှာ ဂဠုန်ဦးစောလို့ အများက သိကြပါတယ်။ ဒါ မှန်ပါတယ်။ ဒါ့အပြင် ဂဠုန်ဦးစော အပြင် အခြ�
��းသော ကြံရာပါများရှိသည်ကိုလည်း သိကြပါတယ်။ အဲဒီ ကြံရာပါတွေထဲက သမိုင်းထဲမှ သို့လော သို့လော တွေးစရာပုဂ္ဂိုလ်တစ်ဦးအကြောင်းကို "ဗိုလ်ချုပ်အောင်ဆန်း မသိခဲ့သည့် လူပြက်ကလေးနှင့်တူသော မကောင်းဆိုးဝါး" ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ဗိုလ်ချုပ်နှင့်ရှမ်းပြည်၊ သူတို့နှင့်ပင်လုံ စာအုပ်ထဲမှာ အများသူငါ မသိကြတဲ့ လူသိနည်းလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
သမိုင်းကွက်လပ်ကလေးတွေကို ဖြည့်စွက်တင်ပြထားပါတယ်။ ပင်လုံပွဲ အကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ ရှမ်း-မြန်မာ ချစ်ကြည်ရေး၊ တိုင်းရင်းသားအားလုံး သွေးစည်းညွတ်စွာ လွတ်လပ်ရေးအတွက် စုရုံးခဲ့ကြပုံကို အားကျအတုယူဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ဆရာစိုင်းထွန်းနောင်ရေးခဲ့တဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးစု စာအုပ်ဖြစ်ပြီး
၁။ အပိုမလုပ်တဲ့ ဗိုလ်ချုပ်
၂။ ဗိုလ်ချုပ်ထံပါး တိုင်ကြားကြသည်
၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးတင်ဧ(ရှမ်းပြည်)တို့၏ လွတ်လမ်းရေးကြိုးပမ်းမှု ရှမ်းပြည်ကွင်းဆက်အစအနများ
၄။ ဗိုလ်ချုပ်အောင်ဆန်း မသိခဲ့သည့် လူပြက်ကလေးနှင့်တူသော မကောင်းဆိုးဝါး
၅။ ပင်လုံရက်စွဲတွေထဲက ကိုယ်ပိုင်အချိန်များမှာ ဗိုလ်ချုပ်ဘာလုပ်သလဲနှင့် အမှတ်တရလေး တစ်ခုနှစ်ခု
၆။ ရှမ်းပြည်နောင်ရေး ဗိုလ်ချုပ်တွေးခဲ့
၇။ သူတို့နှင့် ပင်လုံပွဲ
စတဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။