မီးခဏခဏလာတာ "ရပ်" နှင့် အရပ်သားကာတွန်းများ
မောင်မောင်ဖောင်တိန်
4000 က်ပ္
စာရေးသူ - မောင်မောင်ဖောင်တိန် စာမျက်နှာ - ၁၄၈ ====================== ကာတွန်းကောင်းတစ်ခု ဆိုသည်မှာ (၁) လက်ရာကောင်း (၂)စိတ်ကူးစိတ်သန်းကောင်း (၃)စာအရေးအသားကောင်း တည်းဟူသော ကောင်းခြင်းသုံးဖြာဖြင့် ပြည့်စုံ
ရမည်ဟု ဆိုခဲ့ကြပါသည်။ ယခု အဲသည်အတိုင်း မဟုတ်တော့ပါ ။ ထိုကောင်းခြင်းသုံးဖြာတွင် နောက်ထပ်ကောင်းခြင်း တစ်ဖြာထပ်ထည့်မှ ပြည့်စုံပါလိမ့်မည်။ ထိုစတုတ္ထကောင်းခြင်းမှာ ''ရပ်တည်မှုမှန်ကန်ခြင်း'' ဟူသော အချက်ပင် ဖြစ်လေသည်။ (ချစ်ဦးညို) ၂၀၁၅ ခုနှစ် တုန်းက ရုပ်ပြောင်စာပေကနေ ကာတွန်းနိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ ကျနော့်ရေးသမျှ ကာတွန်းတွေစုပြီး စာအုပ်ထုတ်ခဲ့တယ်။ အဲဒီစာအုပ်တုန်းက အမှာစာကို ကိုမင်းကိုနိုင်ရေးပေးပြီး ကိုဆောင်းဖြူက ကျနော့် ဘဝကောက်ကြောင်းကို အင်တာဗျူးနဲ့ ပုံဖော်ပေးခဲ့ပါတယ်။ အခု ၂၀၁၇ခုနှစ် မှာတော့ ရန်ကုန်လမ်းမများ စာအုပ်တိုက်က နောက်ထပ်တစ်အုပ် ထုတ်ပါမယ်။ စာအုပ်အမည်ကို မီးခဏခဏလာတာ 'ရပ်' နှင့် အရပ်သားကာတွန်းများ လို့ အမည်ပေးထားပါတယ်။ အမှာစာကိုတော့ ဆရာချစ်ဦးညိုက ရေးပေးထားပါတယ်။ အားပေးကြပါဦး။ (မောင်မောင်ဖောင်တိန်) အခုလို မီးတွေ ခဏ ခဏလာနေတဲ့ အခြေအနေ … စစ်သားနဲ့ အရပ်သား ခွဲခြားဆက်ဆံခံနေရတဲ့ အချိန်အခါမျိုးမှာ အလွန်ဖက်သင့်တဲ့ စာအုပ်လေးပါ။ ပျော်ရပါတယ်ဗျာ။ (ဝေမှူးသွင်) ဆရာမောင်မောင်ဖောင်တိန်ရဲ့ ''မီး ခဏခဏလာတာ 'ရပ်' နှင့် အရပ်သားကာတွန်းများ'' စာအုပ်ထဲမှာတော့ ဆရာမောင်မောင်ဖောင်တိန်ရဲ့ လက်ရာ၊ တစ်ကွက်ကာတွန်းတွေကို ဖတ်ရှုခံစားကြရမှာပါ။ ကာတွန်းချစ်သူတွေအတွက် စိတ်ကျေနပ်စေမှာ အသေအချာပါပဲ။ ကဲ … ရန်ကုန်လမ်းမများ စာပေကနေ ထွက်ရှိခဲ့တဲ့ ဒီစာအုပ်လေးကို မဖတ်ရသေးရင် ဖတ်ကြည့်ကြပါဦး။
မောင်မောင်ဖောင်တိန် စာအုပ္မ်ား
chevron_right
Privacy Policy