အတွေးတစ်စ
အော်ကျူး
2000 က်ပ္
စာရေးသူ - အော်ကျူး စာမျက်နှာ - ၁၄၉ ‘အတွေးစလေး တစ်စကနေ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒီကနေ့ အံ့မခန်း တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေကြတဲ့ အရာအားလုံးဟာ တစ်ချိန်တုန်းက သေးငယ်တဲ့ အတွေးစလေး တစ်စအပေါ�
��မှာ အခြေခံ ပေါက်ဖွားလာခဲ့ကြတာချည်းပါဘဲ။ လူသားဟာ သက်ရှိသတ္တဝါတွေအထဲမှာ အသိဉာဏ်အရှိဆုံး သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လောကကြီးကို ဦးဆောင်ဦးရွက် ပြုနိုင်တာပါ။ အသိဉာဏ်ကြောင့်သာလျှင် တွေးခေါ်မြော်မြင်ခြင်းအမှုကို ပြုနိုင်တာ ဖြစ်ပါတယ်။ အတွေးများကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းဟာ အောင်မြင်ခြင်းရဲ့ သော့ချက်ပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှု အတိုင်းအတာဟာ သူ့ရဲ့ အတွေးတွေက ဘယ်လောက် လက်တွေ့ကျပြီး အဲဒီအတွေးတွေကို သူ ဘယ်လောက် အကောင်အထည် ဖော်နိုင်ခဲ့သလဲ ဆိုတဲ့ အချက်အပေါ် မူတည်ပါလိမ့်မယ်’ ဒါကတော့ ဒီ အတွေးတစ်စ ဆိုတဲ့စာအုပ်အတွက် စာရေးသူရဲ့ အမှာစာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ အတွေးတစ်စ ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ စာစုပေါင်း (၅၀) ပါဝင်ပါတယ်။ အတွေးတစ်စကနေ ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်တဲ့ အောင်မြင်မှုတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီစာစုတွေကို ဖတ်ရင်း သိနိုင်ပါလိမ့်မယ်။
အော်ကျူး စာအုပ္မ်ား
chevron_right
Privacy Policy