ချင်းတွင်း(May-Jun),2019
Magazine
3000 က်ပ္
စာရေးသူ - ကလောင်စုံ စာမျက်နှာ - ၂၄၁ ချင်းတွင်းမဂ္ဂဇင်းရဲ့ အမှတ် (၈၉) ထွက်လာပါပြီ စာချစ်သူတို့ရေ။ အမှတ် (၈၉)မှာတော့ ကဗျာအနေနဲ့ မောင်လင်းကြည်၊ မောင်အောင်ပွင့်၊ မျိုးတေဇာမောင်နဲ့ မောင်ယုပို
င်တို့ရဲ့ ကဗျာတွေကို ဖတ်ရှုကြရမှာဖြစ်ပြီး နှစ်ပါးသွားကဏ္ဍမှာတော့ ကိုတာရဲ့ ယဉ်တဲ့အမျိုးသားရေးဝါဒ(၂)ကို ခံစားကြရမှာပါ။ စောလူ၊ ဒေါက်တာတင်အောင်၊ ဒေါက်တာဇော်မြင့်တို့ရဲ့ ဆောင်းပါးတွေပါဝင်ပြီး ယဉ်ကျေးမှုကဏ္ဍမှာတော့ မြဝင်း(ဒဿန)ရဲ့ ကြုံခဲ့ရသော မင်္ဂလာလက်ထပ်ပွဲ၊ မှတ်စုမှာတော့ မောင်အောင်ပွင့်နဲ့ ဘသန်း(ဓမ္မိက)တို့ရဲ့လက်ရာတွေကို ဖတ်ရှုကြရပါမယ်။ သိပ္ပံကဏ္ဍမှာတော့ မောင်မြတ်ထင်ရဲ့ ရုပ်ကို ဉာဏ်အဖြစ်သို့ ပြောင်းခြင်း (၂)၊ ရသစာတမ်းတွေအနေနဲ့ ဂျူး၊ မိုချာ့တို့ရဲ့ စာပေလက်ရာတွေကို ခံစားကြရမှာဖြစ်သလို ဝတ္ထုအနေနဲ့တော့ မြင့်သန်းနဲ့ ဝေယံဘုန်းတို့ရဲ့ ပင်ကိုရေးဝတ္ထု၊ တင်မောင်မြင့်ရဲ့ ဘာသာပြန်ဝတ္ထု၊ ဘာသာပြန်စာအုပ်ကဏ္ဍမှာတော့ သင့်လူရဲ့ ဘာသာပြန်လက်ရာ၊ ဖတ်စရာစာအုပ်တွေအနေနဲ့ ဉာဏ်သာဇော်ရဲ့ စာအုပ်သတင်းနှင့် မှတ်ချက်များ၊ အထူးကဏ္ဍမှာတော့ အထက်ဗမာပြည် ပန်းချီပြပွဲ အကြောင်းတို့ကို ဖတ်ရှုခံစားကြရပါမယ်။ ဒီမဂ္ဂဇင်းမှာ ပါဝင်တဲ့ မောင်အောင်ပွင့်ရဲ့ ကဗျာလေးတစ်ပိုဒ်ကို ခံစားကြည့်ကြပါဦး။ ‘သဘာဝတရားဟာ ဘုရားသခင်ရဲ့ အချက်ပြစကားပဲ ကြားကြပါစေ မြန်မာ့ရေမြေတောတောင်သဘာဝ ဘယ်အခြေဆိုက်နေပြီလဲ မြင်ကြတဲ့ အတိုင်းပါပဲ’ (မောင်အောင်ပွင့်) ချင်းတွင်းမဂ္ဂဇင်း အမှတ် ၈၉ ကတော့ စာချစ်သူတို့အတွက် သုတရသ အဖုံဖုံကို စိတ်ကျေနပ်ဖွယ် ပေးစွမ်းမှာ အသေအချာပါပဲ။
Magazine စာအုပ္မ်ား
chevron_right
Privacy Policy