အလိမ္မာ ကလေးမဂ္ဂဇင်း(May,2019)
ကလောင်စုံ
1600 က်ပ္
စာရေးသူ - ကလောင်စုံ စာမျက်နှာ - ၉၆ မေလထုတ် အလိမ္မာ ကလေးမဂ္ဂဇင်းအသစ် ထွက်ရှိလာပြီနော်။ ‘အလိမ္မာပန်း ပန်ဆင်မြန်း လှမ်းစို့ ရွှေပန်းတိုင် …’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးတွေရဲ့ သုတ၊ ရသ၊ ဗဟုသုတ၊
ပညာ၊ လိမ္မာယဉ်ကျေးမှု တိုးပွားစေဖို့ ထုတ်ဝေထားတဲ့ အလိမ္မာ (မေလထုတ်) မှာတော့ ဦးတင်ဦး (ကျူရှင်)၊ ဦးဦးကြည်နိုင်၊ ရဲသျှမ်း၊ အောင်ဆွေဦး၊ တင့်ခိုင်၊ မောင်မွန်ရည်၊ အေးဧရာမွန် - သင်္ချာ၊ မိုးမြင့်မေ၊ သက်ထက်စံ၊ လှကွန်းနိုင် (ရွှေမြင်တင်)၊ မောင်နိုင်ထူး၊ မြတ်မိုးလတ်၊ မောင်နီမြင့် (ပင်လယ်)၊ ကျော်လှိုင်သစ် (ကျောက်ပန်းတောင်း)၊ အောင်အောင်ထွေး၊ ကာတွန်းသန်းအောင်နဲ့ အခြား စာမူရှင်များရဲ့ လက်ရာတွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ ယခုလထုတ်မှာတော့ ကဗျာလက်ဆောင် ကဏ္ဍအနေနဲ့ လှကွန်းနိုင်(ရွှေမြင်တင်)၊ မောင်နိုင်ထူး၊ မြတ်မိုးလတ်၊ မောင်နီမြင့်(ပင်လယ်)၊ ကျော်လှိုင်သစ် (ကျောက်ပန်းတောင်း)တို့ရဲ့ ချစ်စဖွယ်ကဗျာတွေ၊ သိမှတ်စရာ အင်္ဂလိပ်စာ ကဏ္ဍမှာ ဆရာမစောပြည့်၊ မောင်မွန်ရည်တို့ရဲ့ အင်္ဂလိပ်စာဆောင်းပါးတွေ၊ ရုပ်ပြဥယျာဉ်မှာတော့ အောင်အောင်ထွေးနဲ့ ကာတွန်းသန်းအောင်တို့ရဲ့ ရုပ်ပြဇာတ်လမ်းတွေ၊ အယ်ဒီတာအဖွဲ့ရဲ့ ကလေးသိပ္ပံ၊ အလိမ္မာစကားလက်ဆောင်မှာတော့ ဦးတင်ဦး(ကျူရှင်)၊ အောင်ဆွေဦးနဲ့ မိုးမြင့်မေတို့ရဲ့ လက်ရာ၊ ဦးဦးကြည်နိုင်ရဲ့ စာစီစာကုံးရေးရအောင်၊ တင့်ခိုင်ရဲ့ အလိမ္မာပုံပြင်ကဏ္ဍ၊ စောရင်မိ၊ အေးဧရာမွန်တို့ရဲ့ စာပေလက်ရာ၊ သက်ထက်စံ၊ ရွှေအိမ်သူ၊ ရဲသျှမ်းတို့ရဲ့ ဝတ္ထုဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ သားသားမီးမီးတို့အတွက် ဒီလ အလိမ္မာကလည်း သုတရသအစုံနဲ့ စိတ်ဝင်တစား ဖတ်ရမယ့် စာစောင်တစ်စောင်အဖြစ် ခံစားမှု ဗဟုသုတ အစုံအလင် ပေးစွမ်းမှာ သေချာပါတယ်။
ကလောင်စုံ စာအုပ္မ်ား
chevron_right
Privacy Policy