အံ့ဖွယ်သုတ အိန္ဒိယ
ငွေစန်းရောင်
3000 က်ပ္
စာရေးသူ - ငွေစန်းရောင် စာမျက်နှာ - ၂၂၃ ‘တကယ်တော့ တရုတ်နဲ့ အိန္ဒိယ ဆိုတာ ကိုယ်တို့ရဲ့ အနီးဆုံး အင်အားကြီး နိုင်ငံကြီး နှစ်ခုပါလေ။ နှစ်နိုင်ငံစလုံးက ကိုယ်တို့အပေါ်မှာ လွှမ်းမိုးသက်ရောက်�
�ှုတွေ ငြင်းဆန်လို့ မရနိုင်အောင် ရှိခဲ့တယ်။ လူချင်းပဲ ကြည့်ကြည့်၊ ယဉ်ကျေးမှုချင်းပဲ ကြည့်ကြည့်၊ ရာဇဝင် သမိုင်းကြောင်းပဲ ကြည့်ကြည့်၊ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတဲ့ အဲဒီနိုင်ငံနှစ်ခုအလယ်မှာ ကိုယ်တို့တစ်တွေက ဘယ်သူ့ဆီက ဘာရလိုက်သလဲဆိုတာ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ အဲသလောက် နီးစပ်ထိကပ်နေတဲ့ နိုင်ငံအကြီးကြီးနှစ်ခုအကြားမှာ နေပြီး ကိုယ်တို့တစ်တွေဟာ ကိုယ့်အကြောင်းလေးကို ကွက်ပြီး စိတ်ဝင်စားကြတယ်။ ဟိုဘက်မှာ ဘာတွေ ဖြစ်နေသလဲ မသိခဲ့ဘူး။ သိလည်း မသိချင်ခဲ့ဘူး။ ကိုယ့်အိမ်ဘေး ဘယ်သူနေပြီး ဘာတွေလုပ်နေမှန်း မသိတဲ့ အတီးအတကလေးတွေလို ဖြစ်နေပြီ။ အဲဒါကြောင့် ဒီစာအုပ်ကလေးဟာ ကိုယ်တို့ အနောက်ဘက်အိမ်ကို လှမ်းမြင်နိုင်တဲ့ ပြတင်းပေါက်ကလေး တစ်ပေါက်လို့ သဘောထားလိုက်ပါလေ’ ဒါကတော့ ဒီစာအုပ်ကို ပြုစုရေးသားသူရဲ့ အမှာစာမှာ ဖော်ပြထားတဲ့ စာပိုဒ်ပါ။ ဒီစာအုပ်ဟာ အံ့ဖွယ်သုတ အိန္ဒိယ ဆိုတဲ့အတိုင်း၊ အိန္ဒိယနိုင်ငံရဲ့ သမိုင်း၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူအဆ အစုံအလင်ကို မြင်တွေ့ရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။
ငွေစန်းရောင် စာအုပ္မ်ား
chevron_right
Privacy Policy