ကမ္ဘာကျော်တို့၏ အဆိုအမိန့်နှင့်ဘဝပုံရိပ်များ
ဖြိုးဝေလင်း
7000 က်ပ္
စာရေးသူ - ဖြိုးဝေလင်း စာမျက်နှာ - ၂၉၁ ဒီတစ်ခါ စာချစ်သူ မိတ်ဆွေများကို မိတ်ဆက်ပေးချင်တဲ့ စာအုပ်က ဆရာဖြိုးဝေလင်း ပြုစုပြီး ထည်ဝါစာအုပ်တိုက်ကနေ ၂၀၁၉၊ ဧပြီလက ထွက်ရှိထားခဲ့တဲ့ ကမ္ဘာကျော်တိ�
�့၏အဆိုအမိန့်နှင့် ဘဝပုံရိပ်များ ဆိုတဲ့ စာအုပ်သစ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကနေ ယနေ့ခေတ်အထိ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ သိပ္ပံပညာ၊ အနုပညာ၊ အားကစား အစရှိတဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှား လူသိများတဲ့ လူပုဂ္ဂိုလ် (၄၀၀)ကျော်တို့ရဲ့ ဘဝအကြောင်းအရာတွေနဲ့၊ သူတို့ရဲ့ အတွေးအမြင် ခံယူချက်၊ အတွေ့အကြုံတွေ ပါဝင်တဲ့ အဆိုအမိန့်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စုစည်းပြုစု ရေးသားမှုတွေ ပါဝင်ပါတယ်။ ဒီစာအုပ်ကိုတော့ သားသမီးကို လိမ္မာရေးခြား ရှိတဲ့ လူတော်လူကောင်းတွေဖြစ်အောင် ဆုံးမလမ်းညွှန်လိုတဲ့ မိဘတိုင်း၊ အောင်မြင်ကြီးပွားတိုးတက်လိုတဲ့ လူငယ်လူရွယ်တိုင်း၊ ကောင်းမွန်ပြည့်စုံတဲ့ အင်္ဂလိပ် မြန်မာ စာစီစာကုံးများ ရေးဖွဲ့လိုတဲ့ ကျောင်းသူကျောင်းသားတိုင်း၊ လူအများကို မိန့်ခွန်းပြောဆိုနေရသူတိုင်း၊ ဘဝကို အဓိပ္ပါယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းလိုတဲ့ လူသားတိုင်း၊ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်လိမ့်မယ်လို့ စာရေးသူက အမှာစာမှာ ဆိုထားပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး။
ဖြိုးဝေလင်း စာအုပ္မ်ား
chevron_right
Privacy Policy