ခြံထဲက အဖြူရောင်နှင်းဆီပွင့်တွေ
စကားဖြူ
2000 က်ပ္
စာရေးသူ - စကားဖြူ
စာမျက်နှာ - ၁၁၀
ဆရာမ စကားဖြူရဲ့ ဒုတိယမြောက်လက်ရာ စုစည်းမှု စာအုပ်သစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ရဲ့ အမှာစာကိုတော့ ဆရာနေမျိုးက ရေးသားပေးထားပြီး စုစုပေါင်း စကားပြေ
(၂၂)ပုဒ် ပါဝင်ပါတယ်။ တိုတိုရှင်းရှင်းနဲ့ ပြောချင်တဲ့အကြောင်းအရာ နိမိတ်ပုံဆီ ဆွဲခေါ်သွားတဲ့ စကားပြေစုတွေက ဆရာမရဲ့ ဘဝအတွေ့အကြုံ၊ အတွေးအမြင်၊ နားလည်ပတ်သက်ခံစားမိတဲ့ အကြောင်းအရာတွေကို သေသေသပ်သပ် ဖွဲ့ရေးထားတာကို ဖတ်ရှုရမှာပါ။
‘ဒီစာအုပ်လေးနဲ့ ပတ်သက်လို့ ကျွန်မ ပြောပြချင်တာလေးတွေ တချို့ ရှိပါတယ်။ ကဗျာဆရာရဲ့ အမေ၊ သားမွေးနေ့၊ မိုးညအိပ်မက်များ၊ ဆူဘတ်ဟန်း၊ သမီးလေးရဲ့ ဒိုင်ယာရီ၊ သားကြီး … တို့ဟာ သူတို့တွေအတွက် ကျွန်မ ထားခဲ့နိုင်မယ့် အမှတ်တရတွေပါ။ အစိမ်းရောင်ဥယျာဉ်လေး၊ ပူလောင်သော နွေရက်များမှ ခေါင်းမကြည်သော နေ့ရက်များ၊ နွေပဲစင်ရိပ်လေး တိုပဟာ ဘဝမှာ နေပျော်အောင် ကြိုးစားယူခဲ့ရတဲ့ အချိန်တွေဖြစ်ပြီး အဲဒီတုန်းက ကျွန်မ စာတွေ ရေးဖြစ်ခဲ့ပါတယ်။ ကမ်းခြေမှာ စမ်းရေစရယ်နဲ့၊ အမေကြီး၊ အဖေ တို့ဟာ ကျွန်မ ပြန်မရနိုင်တော့တဲ့ အရာတွေ ဖြစ်သလို၊ ခြံထဲက အဖြူရောင်နှင်းဆီပွင့်တွေ၊ သတိတရ ဆိုးပေလေးများ၊ ပဲကတ္တီပါသည်လေး၊ ခိုဖြူခိုပြာနက်ကယ်၊ ကျွန်မနှင့် ရန်ကုန်၊ အညာရထားနဲ့ အခြား စကားပြေအချို့ကိုတော့ ကျွန်မ ခံစားမိသလို မူရင်းအတိုင်း မပြုမပြင်ဘဲ ချရေးဖြစ်ခဲ့ပါတယ်’ လို့ ဆရာမက ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဖွင့်ဟထားပါတယ်။ ဖတ်ကြည့်ကြပါဦး။