စာရေးသူ - ကျော်ညိုသွေး
စာမျက်နှာ - ၁၅၉
‘ကျွန်တော့်ကို ဘာကြောင့်ချစ်တာလဲ’ လို့ မေးတိုင်း ‘စာရေးလို့’ လို့ ဖြေခဲ့သလို၊
‘ကျွန်တော့်မှာ အထင်ကြီးစရာ ဘာရှိလဲ’ လို့ မေးတိုင်း ‘စာရေးတာ’ လို့ အမ�
��ဲဖြေခဲ့ပြီး
သူ့ချစ်သူဖြစ်တဲ့ ကျွန်တော်က ‘ဘာအလုပ်လုပ်သလဲ’ လို့ အသိုင်းအဝိုင်းက မေးတိုင်း
‘စာရေးတယ်’ လို့ အမြဲဖြေခဲ့။ ဒါကြောင့်ပဲ … ကျွန်တော်ဟာ စာရေးဆရာဘဝကို ပိုလို့ဖြစ်ချင်ခဲ့ရ။
ဆရာကျော်ညိုသွေးရဲ့ (၅)အုပ်မြောက် စာအုပ်သစ်ဖြစ်တဲ့ ‘အေးအေးငြိမ်း … သို့’ အက်ဆေးနဲ့ ကဗျာ စာအုပ်လေး ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ကဗျာနဲ့ စကားပြေတွေဟာ စာရေးသူရဲ့ ခံစားမှုကို အသားပေးပြီး ရေးဖွဲ့ထားတဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်သလို ပါဝင်သမျှ အရေးအသား အားလုံးဟာလည်း စာရေးသူက သူ့ချစ်သူဖြစ်တဲ့ မအေးအေးငြိမ်းကို ရည်ရွယ်ပြီး ရေးသားခံစားထားကြောင်း အမှာစာမှာ ဆိုထားပါတယ်။ မအေးအေးငြိမ်းအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ အေးအေးငြိမ်း … သို့ ကဗျာစီးရီး (၅၁)ပုဒ်အပြင်၊ အခြားခေါင်းစဉ်နဲ့ ကဗျာတွေ အက်ဆေးတွေည်း ပါဝင်ပါတယ်။
‘အနှစ်ချုပ်စကား ပြောရရင် ဒီစာအုပ်ဟာ Comfort Zone ထဲမှာ မျောပြီး စိတ်လေလွင့်နေတဲ့ ယောကျ်ားတစ်ယောက်ကို လဲကျရာကနေ ပြန်ထပြီး ဘဝကို ကြိုးစားရှင်သန်စေဖို့ စိတ်ခွန်အားတွေ ပေးခဲ့တဲ့ မိန်းမသားတစ်ယောက်ကို ဂုဏ်ပြုတဲ့ လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်’ လို့ ဆရာကျော်ညိုသွေးက အမှာစာမှာ ဝန်ခံထားပါတယ်။ ကဲ ... ဖတ်ကြည့်ကြပါဦး။