မျှဝေလိုသောအတွေးများ (၄)
ဗန်းမော်သိန်းဖေ
4000 က်ပ္
စာရေးသူ - ဗန်းမော်သိန်းဖေ ဆရာဗန်းမော်သိန်းဖေရဲ့ ‘မျှဝေလိုသော အတွေးများ (၄)’ စာအုပ်သစ်ကို မေလ (၇) ရက်နေ့မှာ ပဉ္စဂံစာအုပ်တိုက်ကနေ ထွက်ရှိလာတော့မှာမို့ စာချစ်သူတို့အတွက် ကြိုတင်မိတ်ဆက်ပေး�
��ားချင်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ … ခံစားမှု ရသစာစု ၁၅ ပုဒ်၊ စဉ်းစားစရာ အတွေးစာစု ၂၇ ပုဒ်၊ ကြီးပွားအောင်မြင်ရေး ၁၄ ပုဒ်၊ စိတ်ဓာတ်မြှင့်တင်ရေး ၂၃ ပုဒ်၊ စာအုပ်ဖတ်ခြင်း ၈ ပုဒ်၊ ရယ်မောစရာလေးများ ၇ ပုဒ် … စုစုပေါင်း ( ၉၄ ) ပုဒ် ပါဝင်ပါတယ်။ ‘သစ်တုံးတစ်ခုကို ကျွမ်းကျင်သော ပန်းပုဆရာက ယမင်းရုပ်ထု၏။ ယမင်းရုပ်ကို ကြိုးတပ်၍ ရုပ်သေးဆရာက ကပြဖျော်ဖြေ၏။ ထို့အတွက် ကြည့်ရှုသူအဖို့ စိတ်ဘဝင် နှစ်သက်ဖွယ် ဖြစ်လေ၏။ စာစုကလေးများကို အကြမ်းထည်မှ အချောထည်ဖြစ်အောင် ပြုစုရာတွင်လည်း ထိုသဘော ဆန်မည်ထင်သည်။ စာရေးဆရာ ဗန်းမော်သိန်းဖေသည် စာဖတ်သူ အကျိုးရှိအောင် စီစဉ်ရေးသားနိုင်စွမ်း ရှိသည်ကို တွေ့ရပါသည်။ စာဖတ်ပရိသတ်ကလည်း နှစ်ခြိုက်သဘောကျသည်။ ဤစာစဉ်များသည် ဖတ်ရှုသူအတွက် ရသစုံ ခံစားနိုင်အောင် စီစဉ်ပေးထားပါသည်။ ရသဟူသည် အရသာဖြစ်သည်။ စားသောက်ဖွယ် အရသာတို့မှာ ချို ချဉ် စပ် ငန် ဖန် ခါး ဟူ၍ ခြောက်မျိုး ရှိ၏။ ထိုအရသာတို့ မပါရှိလျှင် ကောင်းမွန်သော စားသောက်ဖွယ် မဖြစ်နိုင်ချေ။ စာ အလင်္ကာမှာလည်း ရသ ကိုးပါး ရှိ၏။ ယင်းတို့မှာ ချစ် ၊ ရွှင် ၊ သနား ၊ တည်ကြား ၊ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့ ၊ ရဲဝံ့ ၊ အံ့သြ တို့ဖြစ်၏။ ထိုအလကာၤ ထဲမှ လေး ငါး ခြောက်မျိုးခန့် ဤ စာစဉ်ထဲတွင် ပါဝင်ပေသည်။ အလကာၤ ကြိုက်သော ရသခံစားတတ်သော မြန်မာလူငယ်များ အတွက် အားဆေးတစ်ခွက်ဖြစ်လျှင် ထုတ်ဝေသူအတွက် ကျေနပ်စရာပင် ဖြစ်လေသည်။ ’ လို့ ဒီစာအုပ်ကို ထုတ်ဝေတဲ့ ပဉ္စဂံ စာအုပ်တိုက်က ညွှန်းဆိုထားတာ တွေ့ရပါတယ်။ အသစ်ထွက်ရှိလာတဲ့ ဆရာဗန်းမော်သိန်းဖေရဲ့ ဒီစာအုပ်လေးကို ဖတ်ရှုလိုသူတွေအနေနဲ့ Wun Zinn to Home ကနေ ကြိုတင်အမှာများ လက်ခံနေပါပြီနော်။ စာအုပ်ကောင်းလေးတစ်အုပ်ကို လက်မလွတ်ဖို့ အခုပဲ ကြိုတင်မှာယူလိုက်ကြပါစို့ဗျာ။
ဗန်းမော်သိန်းဖေ စာအုပ္မ်ား
chevron_right
Privacy Policy