မိုးကျရွှေကိုယ်တစ်ယောက်ရဲ့ဘဝတစ်ကွေ့က နရသိန်
ရဲကျော်
3000 က်ပ္
စာရေးသူ - ရဲကျော် စာမျက်နှာ - ၂၀၀ ‘နယ်ဘက်တာဝန်ထမ်းဆောင်နေကြသော တပ်မတော်မှ အသွင်ပြောင်း ပုဂ္ဂိုလ်များအနက် ကောင်းသူများလည်း ရှိမည်၊ ဆိုးသူများလည်း ရှိပါမည်။ ယုတ်စွအဆုံး တာဝန်ထမ်းဆောင်မ�
��ု ညံ့ဖျင်း၍ တပ်မတော်၌ ဆက်လက်တိုးတက်ရန် အခွင့်အလမ်းမရှိတော့သူများ၊ အပင်ပန်း အဆင်းရဲခံလိုစိတ်၊ စွန့်လွှတ်စွန့်စားလိုစိတ် မရှိတော့၍ ဘေးကင်းရာ ကျည်လွတ်မြေကို ရှာဖွေခိုလှုံလိုကြသူများ၊ အခွင့်အလမ်း လာဘ်လာဘရလိမ့်မည်ဟူသော မျှေ်လင့်ချက်ဖြင့် နယ်ဘက်ဌာနဆိုင်ရာများသို့ ပြောင်းရွှေ့လာကြသူများ၊ ခံယူချက်မရှိဘဲ ဆရာမွေး၊ တပည့်မွေးဖြင့် ဝင်ရောက်လာကြသူများလည်း အနည်းနှင့် အများဆိုသလို ပါဝင်လာမည်သာ ဖြစ်သည်။ ဌာနအပေါ် စေတနာထားသူ၊ တာဝန်ကျေရုံသာ လုပ်ကိုင်သူ၊ ကြိုးစားအားထုတ် ဆောင်ရွက်သူ၊ ရိုးသားဖြောင့်မတ်သူ၊ ကိုယ်ကျိုးရှာသူ၊ မောက်မာသူ စသည်ဖြင့် မျိုးစုံရှိပါမည်။ အားလုံးသည် လူသားများသာဖြစ်၍ ၎င်းတို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့်သာ သက်ဆိုင်ပါလိမ့်မည်။ အရာရာကို ပကတိအတိုင်း မှန်ကန်စွာ ရှုမြင်ကြည့်လျှင် အဖြေက ရှင်းလင်းစွာ ရှိပြီးသားပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် မိမိဆန္ဒ လုံးဝမပါဘဲ တာဝန်ထမ်းဆောင်ခဲ့ရသော်လည်း ဌာနအပေါ် သစ္စာစောင့်သိ ရိုသေစွာ အမှုထမ်းခဲ့သော မိုးကျရွှေကိုယ်တစ်ယောက်သာ ဖြစ်ပါသည်’ ဒီလို ဖွင့်ဟဝန်ခံချက်နဲ့ အစပျိုးထားတဲ့ ဒီစာအုပ်ကတော့ တပ်မတော်ကနေ နယ်ဘက်ကို ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာရဲကျော်ရဲ့ ဘဝတစ်ကွေ့က အကျဉ်းထောင်နရသိန်အတွေ့အကြုံ၊ ဘဝဖြတ်သန်းမှုတွေကို ရေးသားထားတဲ့ ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းလှတဲ့ အတွေ့အကြုံတွေ၊ အကျဉ်းဦးစီးဌာန ဗဟုသုတတွေနဲ့ စာဖတ်သူတို့ လက်ကမချနိုင်အောင် ဖတ်ရှုကြရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
ရဲကျော် စာအုပ္မ်ား
chevron_right
Privacy Policy