သိုးပုပ်နေသောမှတ်ဉာဏ်တွဲများ
တည်တံ့
3500 က်ပ္
စာရေးသူ - တည်တံ့
စာမျက်နှာ - ၁၉၈
ဆရာတည်တံ့ရဲ့ “သိုးပုပ်နေသော မှတ်ဉာဏ်တွဲများ” ပင်ကိုရေး ဝတ္ထုရှည် စာအုပ်ကို Myanmar Knowledge Society စာအုပ်တိုက်ကနေ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါတယ်
။
“စာရေးသူတွေကိုယ်တိုင် အဆောက်အအုံစနစ်ထဲက မလွန်မြောက်နိုင်တဲ့အခါ သူတို့ရေးသားသမျှကလည်း လွှမ်းမိုးကြီးစိုးဆဲ လူများစုအမြင်ကို နောက်ထပ် ထောက်ကန်ဖြည့်တင်းပေးမယ့် ဝါဒဖြန့်သဘောတရားတွေပဲ။ နောက်တစ်ခဏမှာ အဲဒီ အမှိုက်သရိုက်တွေကို အချိန်ပေးဖတ်ရှုနေမိတဲ့ ကျွန်တော့်ကိုယ်ကို ကျိန်ဆဲလိုစိတ်ဖြစ်လာတယ်။ တန်ဖိုးစံတစ်ခုချင်းစီကို ကိုယ်စားပြုဖော်ပြဖို့ ညံ့ဖျင်းစွာတုပထားတဲ့ ဇာတ်ကောင်တွေကို အပြန်အလှန်ဆက်သွယ်မယ့် အစား ဘတ်စ်ကားစောင့်နေတဲ့ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုတစ်ခုချင်းကို စောင့်ကြည့်ရတဲ့ အလုပ်ကမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနိုင်ဦးမယ် ။ ပွန်နိုရုပ်သံဇာတ်လမ်းတစ်ခုကမှ ပိုမိုစိတ်နှိုးဆွဖို့ ဖျော်ဖြေမှုပေးနိုင်ဦးမယ် ။ စောင့်ကြည့်နေပါ … လက်ရှိငရဲဘုံထဲကနေ ရုန်းထွက်နိုင်ပြီးတဲ့ တစ်နေ့နေ့ကျ ကျွန်တော်သာ စာအုပ်တစ်အုပ်ရေးသားဖြစ်ခဲ့ မယ်ဆိုရင် အဲဒီ အတုအယောင်ပုံဇာတ်လမ်းများအားလုံး စုပေါင်းပြီး သူတို့အပေါ် ဝါကျင်နံဟောင်သွားသည်အထိ ပန်းချပေညစ်စေလိုက်မယ့် စာအုပ်တစ်အုပ်ဖြစ်စေရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အခုအချိန်အထိ ကျွန်တော့်ဘာသာ စာတစ်မျက်နှာမှ ပီပီပြင်ပြင်ရေးသားဖူးခြင်း မရှိသေးတာ တစ်ပိုင်းပေါ့ ။”
တည်တံ့ - သိုးပုပ်နေသော မှတ်ဉာဏ်တွဲများ (စာ - ၄၇ … မှ)
ဒီဝတ္ထုကတော့ ဇာတ်ကောင်အားပြု၊ ဇာတ်လမ်းအားပြုတဲ့ မြန်မာဝတ္ထုဟန်ကနေ ခွဲထွက်ပြီး အရေးအသားပုံစံသစ်နဲ့ တည်ဆောက်ထားတဲ့ ခေတ်ပေါ်ဝတ္ထုရှည်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။