အနောက်တံခါး ပြဿနာ
စည်သူကျော်
6000 က်ပ္
စာရေးသူ - စည်သူကျော် စာမျက်နှာ - ၃၈၈ ရန်ကုန်လမ်းမများ စာအုပ်တိုက်ထုတ် စာအုပ်သစ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆွီဒင်လူမျိုး မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတဲလ် လစ်တနာကို မြန်မ�
�နိုင်ငံက ခေတ်ပြိုင် နိုင်ငံရေး စိတ်ဝင်စားတဲ့ စာဖတ်သူတွေ သိရှိကြပြီး ဖြစ်မှာပါ။ သူဟာ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ အထူးပြုရေးသားခဲ့ပြီး အာရှတိုက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆယ်စုနှစ် လေးစု နီးပါး ရေးသားလာသူ ဖြစ်တဲ့အပြင် လက်ရှိအချိန်ထိလည်း မျက်မှောက်ရေးရာ ဆောင်းပါးတွေ ရေးသားနေဆဲ ဝါရင့် သတင်းသမားကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အခု စာအုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက် လတ်တလော ပြဿနာအကျပ်အတည်း တစ်ခုဖြစ်နေတဲ့ ရခိုင်ကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ မြန်မာ-တရုတ် ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် စတာတွေအပေါ် ဘာတဲလ်လစ်တနာရဲ့အစဉ်အလာအတိုင်း ခရေစေ့တွင်းကျ နက်နက်ရှိုင်းရှိုင်း မွှေနှောက်ရေးသားထားတာတွေကို ဖတ်ရှုကြရမှာပါ။ ဒါ့အပြင် ဘာတဲလ်လစ်တနာဟာ မြန်မာ-မြောက်ကိုရီးယား စစ်ဖက်ဆက်ဆံရေးအကြောင်း ပထမဦးဆုံး ထုတ်ဖော်ရေးသားခဲ့တဲ့ အနောက်နိုင်ငံသား သတင်းသမားတစ်ဦးဖြစ်လို့ ဒီစာအုပ်မှာလည်း သူ့ရဲ့ မြန်မာ-မြောက် ကိုရီးယား စစ်ဖက်ဆက်ဆံရေး၊ မြန်မာစစ်အစိုးရရဲ့ အဏုမြူလက်နက် ရရှိရေး ကြိုးပမ်းမှုတွေကို ထုတ်ဖော်ရေးသားထားတဲ့ သုတေသနစာတမ်း တစ်စောင်လည်း ပါဝင်ပါတယ်။ ရခိုင်ကိစ္စမှာဆိုရင် ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ARSA အဖွဲ့သာမက သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေအကြောင်းကိုပါ ထဲထဲဝင်ဝင် ထုတ်ဖော်ရေးသားထားတာကို ဖတ်ရှုကြရမှာပါ။ အခုလက်ရှိ မြစ်ဆုံဆည် စီမံကိန်းလို အကြောင်းအရာမျိုးက Hot issue ဖြစ်နေချိန်မှာ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ နောက်ခံသမိုင်းကြောင်းရာဇဝင်ကို အထိုက်အလျောက် သိရှိ နားလည်ထားမယ်ဆိုရင် အစဉ်အလာကနေ ဖောက်ထွက်စဉ်းစားဖို့ ပိုအဆင်ပြေစေပါလိမ့်မယ်။ နောက်ပြီးတော့ "မြန်မာ သို့မဟုတ် ဗမာ" ဆိုတဲ့ "ငါစွဲ သိမှတ်မှု" ဝေါဟာရ အသုံးအနှုန်းပေါ်မှာပဲ တွယ်ဖက်နေကြပြီး ရှေ့မရောက်နိုင်တော့တဲ့ သူတွေအတွက် လန်ဒန် Financial Times သတင်းစာကို ဘာတဲလ် လစ်တနာ ရေးသားပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်လည်း ပါဝင်နေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒီစာအုပ်ဟာ အခြားသော သီဝရီပိုင်းအရ ရေးသားထားတဲ့ စာအုပ်တွေလို လေးနက်တဲ့ အကြောင်းအရာတွေပါဝင်နေပေမယ့် ပေါ့ပေါ့ပါးပါး၊ ပြေပြစ်တဲ့ စကားပြေအရေးအသားနဲ့ ရေးသားထားတဲ့ ဆောင်းပါးပေါင်း (၂၂) ပုဒ်ပါဝင်တဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ် တစ်အုပ်ဖြစ်တာမို့ စာဖတ်သူတွေ အကြိုက်တွေ့ကြလိမ့်မယ်လို့ ယူဆမိပါတယ်။
စည်သူကျော် စာအုပ္မ်ား
chevron_right
Privacy Policy