သရက်စေ့
ဦးဘုန်း(ဓာတု)
2000 က်ပ္
စာရေးသူ - ဦးဘုန်း (ဓာတု) အာဏာရှင်ကြီးတစ်ဦး၏ သေငယ်ဇောနှင့်မျောနေချိန် စိတ်ကစဉ့်ကလျား အတွေးများ … "ငါသေရင် မြေကြီးမှာ တွင်းတူးပြီး သာမန်လူတစ်ယောက်လိုမြှုပ်နှံပေးကြပါ။ မြေဖို့ပေးကြပါ။ မြ
ေဖို့ပေးရင်း #သရက်စေ့ တစ်စေ့ထည့်သွင်းပေးပါ" #ဦးဘုန်း(ဓာတု) ၏ #သရက်စေ့ အတွေးရသဝတ္ထုသစ်။ ----------------------------------------------- အဖြူရောင်ဂန္ဓမာပန်းလေးရေ ... မင်းလောက် ငါ မဖြူစင်ခဲ့ဘူး။ ဖြူစင်ဖို့ကြိုးစားရင်း မည်းညစ်ခဲ့ရတဲ့သူ။ မည်းညစ်ခြင်းကို အထုတ်ပိုက်ပြီး ခရီးဆက်ခဲ့တဲ့သူ။ အခု မေတ္တာသုတ်တော် ရွတ်ဖတ်သံကြားရတယ်။ မေတ္တာတရားဆိုတာ ရနံ့သင်းတဲ့ပန်းခင်းတစ်ခု။ ×××××× ×××××× ×××××× ကုတင်ခြေရင်းက ဂေါက်တံလေးရေ ... ငါ့ရဲ့စိတ်အာရုံအမှန်ကို ငါမသိခဲ့။ ငါ့ကိုယ်ငါရှာဖွေဖို့ မေ့လျော့ခဲ့။ ဘက်လိုက်တတ်တဲ့ အသိအမြင်နဲ့သာ ရှင်သန်ခဲ့။ ဘက်လိုက်တတ်တဲ့စိတ်ကြောင့်မုန်းစရာကို ချစ်စရာလို့ မြင်ခဲ့။ ချစ်စရာကို မုန်းစရာလို့ မြင်ပြန်။ ဘက်လိုက်တတ်တဲ့စိတ်ကြောင့် အမှန်ကို အမှားလို့ထင်ခဲ့။ အမှားကို အမှားမှန်းမသိ အမှန်လို့ယူဆခဲ့။ ×××××× ××××××× ××××××× အနှစ်သက်ဆုံးဖိနပ်လေးရေ... အာဃာတပြင်းပြသူတို့ စည်းစိမ်ရှိနေခြင်းဟာ လောကကြီးကို ကျိန်စာသင့်မှန်း ငါသိခဲ့။ အာဃာတပြင်းပြသူ၊ အငြှိုုးကြီးသူတို့ အကြီးအကဲဖြစ်ခြင်းဟာ လောကကြီးတစ်ခုလုံးကို အဆိပ်သင့်စေမှန်း ငါသိခဲ့။ အာဃာတပြင်းပြသူ၊ အငြှိုးကြီးသူ၊ ကျေးဇူးတရားမသိသူတို့ တန်ခိုးသြဇာကြီးထွားခြင်းဟာ လောကတစ်ခွင်လုံးကိုအမှောင်လွှမ်းစေမှန်းငါသိခဲ့။ ငါ့ကြောင့် လောကကြီး ကျိန်စာသင့်ခဲ့။ အဆိပ်သင့်ခဲ့။ အမှောင်လွှမ်းခဲ့။ ×××××× ×××××× ×××××× တစ်ခုလောက် ငါ့ကို ကူညီကြပါ။ မြင့်မြတ်သေဆုံးခြင်းကို ငါလိုလားတယ်။ ငါသေခဲ့ရင် ငါ့ကို မီးမရှို့ကြပါနဲ့။ မီးကိုကြောက်လို့မဟုတ်။ ငရဲသွားရမယ့် ... လူ။ ပြာပူနဲ့မီးကို ငါမကြောက်။ ငါသေရင် ဂူသွင်းပြီး မမြှုပ်နှံကြပါနဲ့။ ပိတ်လှောင်မှုကိုကြောက်ရွံ့လို့မဟုတ်။ လွတ်လမ်းမရှိတဲ့ ငရဲကိုသွားရမယ့် ...လူ။ ငါသေရင် လူစည်ကားဖို့မလို။ လူတွေကို ကြောက်ရွံ့လို့မဟုတ်။ လူတို့ရဲ့ပြစ်တင်ကဲ့ရဲ့ခြင်းနဲ့ အသားကျခဲ့တဲ့သူ။ လူတွေကို ငါမကြောက်။ ငါသေရင် မြေကြီးမှာ တွင်းတူပြီး သာမန်လူတစ်ယောက်လို မြှုပ်နှံပေးကြပါ။ မြေဖို့ပေးကြပါ။ မြေဖို့ပေးရင်း #သရက်စေ့ တစ်စေ့ ထည့်သွင်းပေးပါ။ ဘာကြောင့်လဲ...။ သိချင်ကြသလား...။ ----------------------------------------------- လင်းလွန်းခင်စာပေတိုက်မှ မေလဆန်းတွင် ထုတ်ဝေဖြန့်ချိပေးတော့မည့် #ဦးဘုန်း(ဓာတု)၏ စာအုပ်အသစ် #သရက်စေ့ အတွေးရသဝတ္ထုသစ် စာအုပ်မှ ကောက်နှုတ်ချက်ပါ။ မကြာမီ ရက်အတွင်း ထွက်ရှိလာတော့မည့် သည်စာအုပ်ကို Wun Zinn to Home ကနေ ကြိုတင်အမှာများ လက်ခံနေပါပြီ စာချစ်သူတို့ရေ။
ဦးဘုန်း(ဓာတု) စာအုပ္မ်ား
chevron_right
Privacy Policy