မင်းသိင်္ခလည်း ထောင်ကျဖူးပါတယ်
၀င်းဇော်(သစ်တော)
3000 က်ပ္
စာရေးသူ - ဝင်းဇော် (သစ်တော) စာမျက်နှာ - ၂၁၇ ‘၃ တိုက်မှာ ကျွန်တော်တို့ မရောက်ခင် ကြိုရောက်နေတဲ့သူတွေ ၁ခန်းမှာ ဦးရဲထွန်း (ဒေါက်တာ ဘမော်သမက်၊ ယူဇာမော်ထွန်းဖေဖေ)၊ ၂ ခန်းမှာက အဘဦးညိုဝင်း (ပီသုံး�
��ုံး)၊ ၈ခန်းမှာ အဘဦးထွန်းတင် (NLD ရန်ကုန်တိုင်း တာဝန်ခံ)၊ ၁၃ ခန်းမှာ အစ်ကိုခ (ဆရာမင်းသိင်္ခ၊ ကိုဝင်းဇော်နဲ့ ညီမ မီးမီးတို့ရဲ့ အစ်ကို)၊ ၁၁ ခန်းမှာက ဘကြီးသော် (မောင်သော်က) တို့ ဖြစ်ပါတယ်။ မိုးဟိန်းလည်း ရောက်နေပါတယ်။ နောက်ရက်တွေမှာ မိုးဟိန်းနဲ့ ဘကြီးသော်ကို အနောက်က ၂ တိုက်ဘက် ပြောင်းရွေ့သွားပါတယ်’ (စာရေးဆရာ မိုးဃ်းလင်း (ဖိုးလေး) ၏ သမီးအောင်ဆန်းနှင့် ခြံထဲမှ ကျွန်ုပ်၏ မှတ်တမ်းများ) ဒီလို အဖွင့်နဲ့ စတင်ထားတဲ့ ဒီစာအုပ်ကတော့ ဆရာကြီးမင်းသိင်္ခရဲ့ ညီ၊ ဆရာဝင်းဇော်(သစ်တော) ရေးသားတဲ့ ဆရာကြီးမင်းသိင်္ခရဲ့ လူသိနည်းတဲ့ အဖြစ်အပျက်၊ ထောင်တွင်းက မှတ်တမ်း၊ ဘဝအဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ဆရာကြီး မင်းသိင်္ခရဲ့ ပရိသတ်တွေအတွက် တကယ့်စာအုပ်ကောင်းပါပဲ။ ဆရာဝင်းဇော် (သစ်တော)က အစ်ကိုဖြစ်သူအကြောင်းတွေကို ပြန်ပြောပြနေဟန်နဲ့ ရေးဖွဲ့ထားပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
၀င်းဇော်(သစ်တော) စာအုပ္မ်ား
chevron_right
Privacy Policy