စာရေးသူ - အောင်သမာဓိ ဦးအောင်
စာမျက်နှာ - ၁၀၇
အောင်သမာဓိ ဦးအောင်ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ရေးသားခဲ့တဲ့ စာတစ်လုံး စာစုတွေကို စာအုပ်အဖြစ် စုစည်းထုတ်ဝေလိုက်တဲ့ ‘စာတစ်လုံး (ကွမ်းယာသည် ရည်
းစားထားနည်းနှင့် ဖေ့စ်ဘုတ်ခ်ပေါ်က စာစုများ)’ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
‘ဆုတောင်းမပေးတော့ဘူးနော်။ ဘာလို့လဲဆိုတော့ ဆုတောင်းတိုင်းလည်း ဖြစ်ချင်မှ ဖြစ်မှာ။ ဒါကြောင့် စကားလက်ဆောင်လေး ပါးလိုက်ပါမယ်။ ကုန်ခဲ့တဲ့ နှစ်ဟောင်းတစ်နှစ်လုံး ပြုလုပ်ခဲ့တာတွေ ပြန်တွေးတောလိုက်ပါ။ မကောင်းတဲ့ အမူအကျင့်၊ မကောင်းတဲ့ အကုသိုလ်နဲ့ ကောင်းတဲ့အမူအကျင့်တွေ ဘယ်ဟာများလဲ သုံးသပ်စေချင်ပါတယ်’
ဆိုတဲ့ ဦးအောင်ရဲ့ စကားလက်ဆောင်နဲ့အတူ ထွက်ရှိလာတဲ့ ဒီစာတစ်လုံး စာစုတွေကိုတော့ ဆရာကျော်ရင်မြင့်က အမှာစာ ရေးသားပေးထားပြီး ဦးအောင်ရဲ့ အတွေးအမြင်၊ အယူအဆ၊ ဘဝအတွေ့အကြုံ၊ အတွေ့အကြုံကြားက ရရှိတဲ့ သင်ခန်းစာ၊ ခံယူချက်၊ ဘဝနေနည်း၊ စတဲ့ ရည်ရွယ်ချက်များနဲ့ စာစုပေါင်း (၄၀)ကျော် ပါဝင်ပါတယ်။ ဖတ်ကြည့်ကြပါဦးခင်ဗျ။