စာရေးသူ - တက္ကသိုလ်ဘုန်းနွယ်
စာမျက်နှာ - ၁၃၆
‘ပစ္စည်း ဥစ္စာ ရွှေငွေရတနာတို့သည် လောကအမြင်ဖြင့် ကြည့်လျှင် လိုချင်စရာ စွဲလမ်းတပ်မက်စရာ ဖြစ်ပေမယ့် ဓမ္မအမြင်ဖြင့် ကြည့်လျှင် လိုချင်စရာ နှ�
�်သက်စွဲလမ်းစရာ ဘာတစ်ခုမျှ မရှိပေ။ ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ အမြင်သည် ပညတ်အမြင်မျိုးဖြစ်၍ အရိယာပုဂ္ဂိုလ်တို့၏ အမြင်သည် ပရမတ်အမြင်မျိုး ဖြစ်ပါတယ်’ ဆိုတဲ့ ညွှန်းဆိုချက်နဲ့ ထွက်ရှိလာတဲ့ ဒီစာအုပ်ကတော့ ဓမ္မဝီရဂျာနယ်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ဘာသာရေးအတွေးအမြင် ဆောင်းပါးစုစည်းမှု စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာပါဝင်တဲ့ ဆောင်းပါးတွေဟာ ဝိပဿနာအမြင်နဲ့ ရေးသားထားတယ် ဆိုပေမယ့် လူကြီးလူငယ်မရွေး ဖတ်လို့ရအောင် ခေတ်အမြင်နဲ့ ဓမ္မအမြင်ကို ဝေဖန်သုံးသပ်ပြထားတဲ့ ဆောင်းပါးစုတွေလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ လောကအမြင်နဲ့ ဓမ္မအမြင် ခေါင်းစဉ်နဲ့ ဆောင်းပါး (၈)ပုဒ် အပါအဝင်၊ မေတ္တာနယ်ပယ်မှသည် သစ္စာနယ်ပယ်ဆီသို့၊ မိမိကိုယ်သာ အားကိုးပါ၊ လောကအလယ်မှ သောကကြွယ်မလေး၊ သားအမိပြောသော စကားတစ်ခွန်းတန်ဖိုး၊ မျက်နှာသစ်လိုက်ကြစို့၊ စွဲလမ်းခြင်းမှ စွန့်လွှတ်ခြင်းဆီသို့ … စတဲ့ ဓမ္မရေးရာ ဆောင်းပါးတွေ ပါဝင်ပါတယ်။