စာရေးသူ - မောင်စန်းသော်
စာမျက်နှာ - ၁၂၃
ကဗျာဆရာ မောင်စန်းသော်ရဲ့ ချစ်သမီးသို့ (စိတ်နှလုံး ဖြေသိမ့်စရာ ဓမ္မပဒေသာ စာပေစု) ဆိုတဲ့ စာအုပ်လေးကို လင်းလွန်းခင်စာပေတိုက်ကနေ စတုတ္ထအကြိမ်အဖြစ် ၂၀
၁၉၊ ဧပြီလမှာ ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်မှာတော့ ဆရာဝဏ္ဏသီရိရဲ့ စတုတ္ထအကြိမ် ထွက်ရှိခြင်းအတွက် အမှာစာ၊ ဆရာကြီး မင်းယုဝေရဲ့ ဒီစာအုပ်အပေါ် သုံးသပ်ရေးသားထားတဲ့ ဆောင်းပါး၊ ဆရာအံ့မောင်ရဲ့ လူတစ်ယောက်၊ ဓားတစ်လက်နှင့် ကလောင်တစ်ချောင်း ဆိုတဲ့ ဆောင်းပါးတို့ကို ကနဦး ဖော်ပြထားပြီး ဆရာမောင်စန်းသော်ရဲ့ ချစ်သမီးသို့ (အဖွင့်ကဗျာ)နဲ့ အစပျိုးထားပါတယ်။ ဒီ့နောက်မှာတော့ ချစ်သမီးအတွက် ဆရာရေးသားခဲ့တဲ့ မေတ္တာထားတတ်ဖို့ ခေါင်းစဉ်ကနေ အချိန်တွေအများကြီးကျန်သေးတယ် ခေါင်းစဉ်အထိ (၄၂)ပုဒ်သော ဓမ္မပဒေသာ စာပေစုတွေ ပါဝင်ပါတယ်။ တစ်ကြိမ်ထွက်ရှိတိုင်း အုပ်ရေများစွာ ရောင်းရလောက်အောင် ကောင်းမွန်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဖခင်တစ်ဦးက သမီးအပေါ် ထားတဲ့ လောကမေတ္တာ၊ ဓမ္မမေတ္တာတွေကို ခံစားဖတ်ရှုရမှာပါ။