ကမ္ဘာကျော်မယ်ထွေးလေးနှင့်ခြောက်ဘဝမိခင်
ထွန်းတောက်
2500 က်ပ္
စာရေးသူ - ထွန်းတောက်
စာမျက်နှာ - ၄၀၀
မယ်ထွေးလေးပုံပြင်ကိုတော့ ကလေးဘဝက ကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒီပုံပြင် ဒီမယ်ထွေးလေးရဲ့ အကြောင်းဟာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့
အရပ်ဒေသတိုင်းမှာ မယ်ထွေးလေးရဲ့ ဇာတ်ကြောင်းက အိပ်ရာဝင်ပုံပြင်အဖြစ် ရှိခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်ရဲ့ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပဲ မယ်ထွေးလေးကို မထွေးလေး၊ မထွေးငယ်၊ မိထွေးလေး၊ မိငယ်လေး စတဲ့ အမည်အမျိုးမျိုးနဲ့ ပုံပြင်အဖြစ် လက်ဆင့်ကမ်း ပြောပြခဲ့ကြတယ် မဟုတ်လား။ ဒါပေမဲ့ အရပ်ဒေသအလိုက် မယ်ထွေးလေးရဲ့ ဇာတ်လမ်းဟာ အလုံးစုံမတူဘဲ ဇာတ်အိမ် ဇာတ်ကြောင်း အခန်းကဏ္ဍတွေ ကွဲပြားခြားနားမှုတော့ အနည်းငယ် ရှိပါတယ်။ တစ်ခုရှိတာက ဇာတ်လမ်းစ သန္ဓေတည်ကတည်းက မယ်ထွေးလေးဇာတ်လမ်းဟာ အိပ်ရာဝင်ပုံပြင်အဖြစ်သာ တည်ရှိလာခဲ့ပုံရပါတယ်။ ဒီ မယ်ထွေးလေးရဲ့ ဇာတ်လမ်းကို စာရေးဆရာ ထွန်းတောက်က အိပ်ရာဝင်ပုံပြင်ကနေ ဝတ္ထုဇာတ်လမ်းအဖြစ် ထူးထူခြားခြား ဖန်တီးရေးသားပြီး ‘ကမ္ဘာကျော်မယ်ထွေးလေးနှင့် ခြောက်ဘဝမိခင်’ ဆိုတဲ့ လုံးချင်းဝတ္ထုရှည်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ ပုံပြင်ကြိုက်သူတွေအနေနဲ့ ရသဝတ္ထုရှည်အဖြစ် အားပါးတရ ဖတ်ရှုကြရမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။