မြန်မာ့စာပို့တံဆိပ်ခေါင်းများ
ကျော်မြင့်မောင်
10000 က်ပ္
စာရေးသူ - ကျော်မြင့်မောင်
စာမျက်နှာ - ၃၀၉
ဗြိတိသျှကိုလိုနီခေတ်၊ မြန်မာနိုင်ငံဂျပန်ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးအစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်�
��ြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ်၊ စတဲ့ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ မြန်မာစာပို့တံဆိပ်ခေါင်းများနဲ့ စပ်လျဉ်းပြီး ခိုင်ခိုင်မာမာ အားထားကိုးကားနိုင်တဲ့ ပုံပြကျမ်းတစ်စောင် ဖြစ်ပါတယ်။ ခေတ်ကာလအဆက်ဆက် ထုတ်ဝေခဲ့တဲ့ စာပို့တံဆိပ်ခေါင်းများရဲ့ သမိုင်းလည်း ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ်နဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ ဦးခမ်းအောင်၊ အလင်္ကာကျော်စွာ စင်ရော်မောင်မောင်နဲ့ ဦးမြသောင်းတို့က အကြံပြုထောက်ခံချက် ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ လေ့လာဖတ်ရှုရုံမက စာအုပ်စင်မှာ သိမ်းထားရမယ့် စာအုပ်မျိုးမို့ ညွှန်းဆိုလိုက်ပါတယ် စာချစ်သူတို့ရေ။