နေကို တားသည် မိုးသားမြင့်ပါလေဦးလော့
ရဲဘုန်းခေါင်
2000 က်ပ္
စာရေးသူ - ရဲဘုန်းခေါင်
စာမျက်နှာ - ၆၄
‘စိတ်ကူးစာပေ။ ။ စာအုပ်မျက်နှာဖုံးရဲ့ ညာဘက်အပေါ်ထောင့်စွန်းနေရာမှာ Fiction ဆိုတဲ့ စာလုံးလေးကို ခပ်ပါးပါးနဲ့ မသိမသာလေး ရိုက်နှိပ်ထည့်ထားလိုက်ချင်တယ်။ �
��ါဟာ စိတ်ကူးစာပေအမျိုးအစား (Literary Works of the Imagination) ၊ တစ်နည်းပြောရရင် (Invented Story) လို့ သိစေချင်တာကြောင့်မို့ပါ’
‘စာပေစိတ်ကူး။ ။ ဇာတ်ကောင် (Character) လေးဦးပါပါတယ်။ စာရေးသူ (ကျွန်တော်)ရဲ့ စိတ်ကူးထဲက လူတွေပါ။ ပြင်ပလောက ကမ္ဘာမှာ သူတို့ တကယ်ရှိ မရှိဆိုသည့် မေးခွန်း မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ကူးလောက ကမ္ဘာထဲမှာတော့ တကယ်ရှိနေခဲ့တာပါ’ ဆိုတဲ့ အမှာနဲ့ ထွက်ရှိလာတဲ့ စာရေးဆရာ ရဲဘုန်းခေါင်ရဲ့ ‘နေကိုတားသည် မိုးသားမြင့်ပါလေဦးလော့’ ဝတ္ထုသစ် ဖြစ်ပါတယ်။ မောင်ကျော်စွာဝင်း၊ ဒေါက်တာချစ်စိုး၊ တင်နီလာဝင်းနဲ့ မင်းလွင်ဦး ဆိုတဲ့ ဇာတ်ကောင်လေးဦးနဲ့ ယက်ဖွဲ့ဖန်တီးထားတဲ့ စိတ်ကူးယဉ်စာပေအမျိုးအစား ဝတ္ထုတစ်ပုဒ်ပါပဲ။ စာချစ်သူတွေ အကြိုက်တွေ့မယ့် ဟန်အသစ် ဝတ္ထုအမျိုးအစား ဖြစ်ပါလိမ့်မယ်။